ep(13)💔

5.1K 225 4
                                    

စစ်မဟာ သူနဲ့အလုပ်တွဲလုပ်တဲ့ လူနှစ်ယောက်ကို ငွေပေးပြီး ပိုင်မှူးအိမ်ကအထွက် နောက်ကရိုက်ခိုင်းခြင်းပါ။
''သူ့ကို အတိတ်မေ့အောင်ရိုက်ပစ်လိုက်ကြ..
ငါ့ဘက်က မင်းတို့လိုသလောက်ပေးနိုင်တယ်။''

ဖုန်းကိုချက်ချင်းချပစ်လိုက်ပြီး..နှုတ်ခမ်းပါးလေးကွေးရုံ ပြုံးမိတဲ့ သူ့အပြုံးက ကျေနပ်မှုတွေနဲ့ရောယှက်နေခဲ့သည်။

''လွန်း...ခုချိန်ကစပြီး..ကိုယ်ဟာမင်းအတွက်တော့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။''

ကုတင်ပေါ်မေ့နေတဲ့ လွန်းကို စီကရက်ဖွာရှိုက်ရင်း..စိမ်ပြေနပြေထိုင်ကြည့်နေလိုက်တယ်။'ငါ့အချစ်တွေအပိုင်သိမ်းယူခဲ့တဲ့ မင်းက ဘာလေးပါလိမ့်နော်..'

ကြည့်နေရင်းမှာပဲ သတိပြန်လည်လာတဲ့
လွန်းကြောင့်...

မျက်လုံးတို့ အသာအယာဖွင့်လိုက်ပေမဲ့
မြင်လိုက်ရတဲ့ သူက စစ်မဟာဖြစ်နေခဲ့သည်..

သူ့ကို စူးစိုက်ကြည့်နေတဲ့ စစ်မဟာကြောင့်
လွန်း..ရင်တုန်သွားမိပြီး..
''ခင်ဗျားကြီးက ဘယ်လိုလုပ်ပြီး..''

''ရှူးကလေး..ဆက်မပြောနဲ့..''

လွန်းရှိတဲ့ ကုတင်နားရှောက်လာခဲ့တဲ့ စစ်မဟာ..''ကလေးကိုယ့်ကိုကြောက်နေတာလား။''

ကုတင်ရဲ့ ဒေါင့်နားရောက်သည်အထိ လွန်းတိုးဆုတ်သွားမိ..စစ်မဟာရဲ့လက်က
လွန်းကို ပြန်ဆွဲလိုက်တဲ့အတွက် သူ့ရင်ခွင်ထဲ ပြန်ရောက်သွားတဲ့ လွန်း။

''ခင်ဗျား..ဘာလုပ်တာလဲ..လွန်းကိုလွှတ်ပါ
ဖယ်..ဖယ်ပေးဗျာ။''

''ကိုယ်မလွှတ်နိုင်ဘူး..လွန်းငြိမ်ငြိမ်နေရင်ကောင်းမယ်နော် ပြီးမှ ကိုယ့်အဆိုးမဆိုနဲ့။''

''ဟာဗျာ..လွန်းမနေတတ်ဘူး လွှတ်ပါ..''

''ချစ်တယ်လွန်း..ကိုယ် ဘယ်ချိန်တည်းက
လွန်းကိုချစ်မိခဲ့မှန်းမသိတော့ဘူး။''

ကြားလိုက်ရတဲ့စကားကြောင့် လွန်းမျက်လုံးအဝိုင်းသားနဲ့ပေ
..
''လွန်းကတော့ မချစ်နိုင်ဘူး..လွန်းမှာ ကိုပိုင်မှူးဆက်တစ်ယောက်လုံးရှိတယ်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now