ep(36)💔

2.8K 164 3
                                    

စစ်မဟာရဲ့ ကားပါကင်နားမှာပဲ အဖမ်းခံလိုက်ရတဲ့ သစ်ထူး။မဟူရာရဲ့ လူတွေက
သူ့နောက်ထပ်ကျပ်မကွာလိုက်နေတာ မသိတဲ့အတွက် အလစ်အငိုက်မှာ ခုလို ဖမ်းစီးခြင်းခံလိုက်ရတာပါ။
အနက်ရောင်ခေါင်းစွပ်နဲ့ခေါင်းကိုအစွပ်ခံရပြီး ကားပေါ်ဆွဲတင်သွားကြတဲ့ လူတစ်စုနဲ့အတူ အခုတော့ သူမရင်နှီးသေးတဲ့နေရာမှာ ဖမ်းဆီးခံထားရပြန်တယ်။

မနက်ကတည်းက အိမ်ကနေထွက်သွားတဲ့
ကလေးကြောင့် ရင်ပူရတာအမှန်ပဲ..
ဘာမှလည်းပြောမသွားသလို အနောက်ကလည်းမလိုက်ခိုင်းတော့ခက်သား။

ဘယ်သွားမယ်လို့ ပြောသွားရင် စိတ်ပူသက်သာတာပေါ့ ခုတော့ စိုးရိမ်ခြင်းများနဲ့သာ ဒီလူကြီးမှာ ရင်တထိန့်ထိန့်နဲ့ပါ။
'ကလေးရာ..နေ့လည်တောင်ကျော်နေပြီ
ခုထိပြန်မလာသေးဘူး..'

ဆက်စောင့်နေပေမဲ့ ညနေဆီကိုတောင်
ရောက်လို့လာတော့တယ်..ခုထိအရိပ်အယောင်မတွေ့သေး..
ဖုန်းဆက်ပြန်တော့လည်း လူကြီးမင်းနဲ့ပဲညားနေတာ စိတ်တိုလာပြီလေ။

လွန်းကတော့ သူ့ရဲ့အရင်မိဘတွေရှိနေတဲ့အိမ်ကိုပြန်သွားတော့ ခြံစောင်ကြီးကိုသာတွေ့ခဲ့ရပြီးအကြောင်းစုံသိရတော့..
ငိုမိတာထက်ပိုခဲ့တယ်.ဝမ်းနည်းခြင်းတွေနဲ့အပြိုင် ရင်ထဲဆို့နစ်စွာဖြင့်ပေါ့...

'မာမီနဲ့ဒယ်ဒီတို့ ဆုံးသွားကြတာတဲ့..
ကျွန်တော့်ရဲ့ရင်တွေ အဆပေါင်းများစွာ ကွဲကြေခဲ့ရပြီ..
ညီလေးကပျောက်နေတာ..သတင်းအစအနမရကြဘူးတဲ့။
ဟာ.. ဘာတွေဖြစ်ကုန်တာလည်း နားမလည်နိုင်တော့ဘူး.. ရူးရတော့မယ်။'

လွန်း..သူ့ရဲ့ဖုန်းကို အိမ်လာကတည်းကစက်ပိတ်ထားခဲ့တာ..ဒါကြောင့် စစ်မဟာဖုန်းခေါ်၍မရခြင်း။

ခုလည်းပဲ..အိမ်ကအပြန် ည၉ နာရီ အကျော်မှ clubကို ထွက်လာခဲ့မိပြန်တယ်။

Clubထဲကို ဝင်တာနဲ့ မသောက်နိုင်တဲ့အရက်တွေကို bar မှာသောက်နေတာ တစ်ခွက်ပြီးတစ်ခွက်ပဲ...

သူလူမှန်းမသိအောင် မူးချင်တယ်လေ..
ဒါကြောင့် မသောက်နိုင်ပဲ သောက်နေခဲ့တယ်။ခဏကြာတော့မှ မူးပြီး ရောင်စုံမီးတွေ သီချင်းသံတီးလုံးသံတွေကြား
ကခုန်နေခဲ့ပြန်တဲ့ လွန်း။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now