ep(28)💔

4K 144 0
                                    

မနေ့က ကျွန်တော့်ရဲ့ကလေးငယ်က အဆိုးလေးလုပ်ပြီးပူဆာလွန်းတဲ့အတွက်
ဒီနေ့တော့ ကုမဏ္ဏီကိုခေါ်သွားရပါပြီ။

''ကိုကို..ကလေးကို ရေခဲမုန့်ဝယ်ပေးပါ..
ရွှေပုဇွန်ကနော်..ပြီးတော့ ကိတ်ပါပါတယ်
ဖာလူဒါအေးအေးလေးလဲသောက်ချင်သေးတယ်''

ရုံးခန်းထဲအလုပ်ရှုတ်နေတဲ့ ကျွန်တော့်ကို
ကလေးတစ်ယောက်လို စားချင်တာတွေအတွက် ပူဆာနေတဲ့ ခလေးဆိုးကြီးကို
အချိန်ပေးရပြန်ပြီလေ..

''အင်းပါ..ကိုကိုမှာပေးမယ်..
ခဏပဲ ကိုကို အလုပ်ပြီးတော့မယ်နော်''

''မေသူ..ရုံးခန်းထဲခဏလာအုံး။''

''လာပြီ..boss..''

စစ်မဟာ သူ့ရဲ့အတွင်းရေးမှူးမလေးကို
သူ့ခလေးစားချင်တာတွေ အမြန်ဝယ်ခိုင်းပြန်ပါတယ်။

''ငါမှာတာတွေ အမြန်ဝယ်ခဲ့ပေးပါ..သွားလို့ရပြီ.''

အတွင်းရေးမှူးမလေးလဲ ပြန်ထွက်သွားရော..အလုပ်စားပွဲပေါ်တတ်ထိုင်ရင်း..စစ်မဟာရဲ့မျက်နှာလေးကို သူ့ဘက်ဆွဲလှည့်လိုက်တဲ့ လွန်း..

''ကိုကို..''

''အမိန့်ရှိပါဗျ..ကလေးဘာပြောမလို့လဲ..''

''ကလေးကို ချစ်လား..''

''ဟာ.ဘယ်လိုမေးလိုက်ပါလိမ့်နော်.. ချစ်တာမှ ငုံထားမတတ်ပဲ..ကလေးက ကိုကိုရဲ့အသက်ဆိုလဲ မမှားဘူး။''

''ခစ်ခစ်..ကလေးလဲ ကိုကို့ကို ချစ်တယ်.
အများကြီး..အများကြီးချစ်တာ။''

''အော်..ယုံပြီးသားပါ..''
စစ်မဟာရဲ့ နဖူးထက်လွန်းရဲ့ အနမ်းပွင့်ဖြူတစ်ပွင့်
ပွင့်လန်းသွားပြန်တယ်..''မွ''

''ကိုကို့ရဲ့ကလေးက လိမ္မာတယ် ကိုကိုပေါင်ပေါ်မှာထိုင်နော်..ကိုကို စားရင်းတွေစစ်လို့မပြီးသေးဘူး
ကလေးရဲ့''

စစ်မဟာရဲ့ကိုယ်ပေါ် ဖြူဖြူသေးသေးလေး
တွယ်ကပ်နေပုံက တောက်တဲ့ထက်အကြောင်းဆိုး..

စစ်မဟာရဲ့ လည်တိုင်ကို သိုင်းဖက်ထားပြီး
မထင်ရင်မထင်သလို နားရွက်နဲ့လည်ဂုတ်သားတွေကို တိတိနဲ့ ကိုက်နေသေးတာ..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now