ep(9)💔

4.6K 232 6
                                    

     သက်ဆိုတဲ့ ကောင်မလေးနဲ့ စစ်မဟာ
Clubကို လိုက်သွားမိပြန်တယ် စစ်မဟာလွန်ခဲ့တဲ့ လက အဲ့ဒီ Clubက ဘားမယ်နဲ့
အတူညအိပ်ခဲ့မိတာမြင်ယောင်ရင်း..'သက်နဲ့မဆုံပါစေနဲ့ ငါဘာလုပ်ရမလဲ..'

ဒါပေမဲ့..ဘားမယ် ဝတီထိုက်နဲ့ သက်နဲ့က
မိတ်ဆွေတွေဖြစ်နေတာ စစ်မဟာအဖို့ကံဆိုးခြင်းပဲ။
ဝတီထိုက်နဲ့ သက်နဲ့ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ကြပြီး..
''သက်..သူက..''

''ဝတီ ဒါတို့ပြောပြောနေတဲ့ ကိုစစ်မဟာလေ..တို့ရဲ့ချစ်သူပေါ့။''

ဝတီထိုက်..စစ်မဟာကိုပြူးကြည့်ရင်း..''ကိုကို..babyကိုပြောတော့ အချစ်ဆုံးဆို ခုတော့ဘယ်လိုဖြစ်ရတာလဲ။''

စစ်မဟာကွိုင်ကြီးကြီးတက်နေပြီလေ...
''မဟုတ်ဘူး..ကိုယ်ရှင်းပြမယ်..''

ဝတီထိုက်နဲ့ သက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

''ရှင်ကလူရှုတ်လူပွေ''

''ဖြန်း..''ဝတီထိုက်ရဲ့ရိုက်ချက်

နောက်တစ်ဖက်ကတော့ သက့်ပင်
''မျက်နှာများတဲ့လူ''..''ဖြန်း..''

စစ်မဟာ ပါးနှစ်ဖက်အရိုက်ခံလိုက်ရတဲ့အတွက် ဒေါသထွက်သွားတော့တယ်.

''အေးကွာ..ဟုတ်တယ် ငါကလူရှုတ်လူပွေ
မျက်နှာများတဲ့လူ အဲ့ဒီတော့ ငါလည်းပဲ
မင်းတို့မိန်းမတွေကို စိတ်ကုန်သွားပြီ..''

ထိုသို့ပြောပြီး
Club ထဲက ထွက်လာခဲ့တော့တယ်..''တောက်စ်..မိန်းမတွေများ အရမ်းလောဘကြီးကြတယ်။''

သူ့ရဲ့ကားကို ခြေထောက်နဲ့ဆောင့်ကန်ရင်း လွန်းဆိုတဲ့ကောင်လေးကို မျက်လုံးထဲမြင်ယောင်လာတော့တယ်။

ဖြူဖြူနုနု ပန်းပွင့်လေးလို အပြုံးတို့က ခလေးဆန်ဆန် သွားတတ်လေးနဲ့နှုတ်ခမ်းပါးရဲရဲလေးကို မြင်ယောင်ကာ
စစ်မဟာ.. ''ဂလု''ဆိုပြီး တတွေးမျိုချလိုက်မိပြီ..
'ငါဘာလို့ ဒီကောင်လေးကို စိတ်ထဲရှိနေရပါလိမ့်။'

'ဟာ..အိမ်ပြန်တာပဲကောင်းပါတယ်'

စစ်မဟာ ပေါက်ကွဲနေတဲ့သူ့စိတ်ကို ထိန်းလို့ ရန်ကင်းက သူ့အိမ်ရှိရာကိုပြန်ခဲ့တော့တယ်..'ကိုယ်မင်းနဲ့ဆုံချင်သေးတယ်လွန်း။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now