ep(16)💔

4.5K 187 7
                                    

  ဆေးရုံးမှာ သတိပြန်လည်လာပေမဲ့ အရာရာအတိတ်မေ့နေခဲ့တဲ့ ပိုင်မှူးဆက်..
သူ့ဘေးက.. ဝန်ထမ်းတွေ သူဆေးရုံတင်ရတယ်ဆိုတဲ့သတင်းကြောင့် အားလုံးက လာရောက်တွေ့ခဲ့ကြပေမဲ့ တစ်ဦးတစ်ယောက်ကိုမှ ပိုင်မှူးသတိမရမမှတ်မိခဲ့ပေ။

သတိရလာတော့ ဆေးရုံမှာမနေချင်တာကြောင့် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး နှိုင်းမခပဲ စံအိမ်တော်ကို ပြန်ခေါ်သွားရတယ်။

ပိုင်မှူးဘာမှမသိတော့တဲ့ ကလေးတစ်ယောက်လိုပဲ စံအိမ်တော်ကိုရောက်တာနဲ့
မျက်လုံးလေး အဝိုင်းသားနဲ့ စံအိမ်ကြီးကို ပတ်ကြည့်နေပြန်တယ်။

နှိုင်းမခရဲ့အမေဖြစ်သူမှ..''သားပိုင် အိမ်ထဲဝင်ရအောင် သားက သက်သာသေးတာလည်းမဟုတ်ဘူး အနားသေချာယူသင့်တယ်။နောက်မှ အန်တီထူး သားလိုချင်တာတွေ
ကြိုက်တဲ့ဟင်းတွေ သွားချင်တဲ့နေရာတွေ
လိုက်ပို့ပေးမယ်နော် ခုတော့ သားနားသင့်ပြီ။''

''အန်....တီ...ထူး...''
စကားကိုတစ်လုံးချင်း ခေါ်နေပြန်တဲ့ ပိုင်မှူး။

''ဟုတ်တယ်သား..အန်တီထူးပါ..''

ဒီလိုနဲ့ ပိုင်မှူးကိုအိပ်ခန်းဆီပို့ပေးခဲ့ပြီးဆေးတိုက်ကာ အနားယူခိုင်းရပြန်တယ်။

နှိုင်းမခကတော့ ပိုင်မှူးရဲ့လုပ်ငန်းဟူသမျှကို ဦးစီးဦးဆောင် လုပ်ကိုင်နေရပြန်။
သူ့ရဲ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်တဲ့ကောင်လေးပါ။

''ကိုကျော်နိုင်...သားလေးကိုခုထိမတွေ့သေးဘူးလား...ကျွန်မသားကို တွေ့ချင်လှပြီ။''

''မာမီ..စိတ်အေးအေးထားပါ..
သား ကိုကို့ကို ရှာပေးပါ့မယ်. ဒယ်ဒီကိုအရမ်းကြီးဖိအားမပေးပါနဲ့..သားသေချာစုံစမ်းပေးပါ့မယ် မာမီစိတ်လျှော့ထားနော်။''

ဒေါ်မေထားကို ရင်ခွင်ထဲ ဖက်ထားပြီး နှစ်သိမ့်ပေးနေရှာတဲ့ သားငယ် သုတ။

''ဟီးးးအီးးးဟီးးးးးးသားလွန်းရယ် ဘယ်တွေသွားနေတာလဲကွယ်။''
ငိုနေတဲ့ ဒေါ်မေထားကြောင့် ဦးကျော်နိုင် လဲမျက်ရည်စို့လျှက်။
ရုတ်တရက်ဖုန်းမြည်းလာသံကြောင့် ဦးကျော်နိုင်ဖုန်းကိုင်လိုက်ချိန်..
တဖက်မှ..''ကိုကျော်နိုင်ဟုတ်ပါသလားခင်ဗျာ..''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now