par(3)

927 23 15
                                    

ဖုန်းcallရလို့ ကုန်တိုက်ကအပြန်မှာပဲ မဏိသဲလေးသည် သုတရဲ့ Coffee Shop သို့ရောက်လာလေသည်။

သူရောက်ရောက်ချင်းမှာပဲ ဆိုင်ပြင်ဘက်မှာ ရန်ဖြစ်နေကြတဲ့ကောင်လေးသုံးယောက်ကိုမြင်ပြီး အပြေးသွားကာ..

''ရပ်လိုက်စမ်း...ဒါကဘာဖြစ်နေကြတာလဲ
လူမြင်ကွင်းမှာ ရန်ဖြစ်နေကြတာ ရူးနေကြလား။''

''ကိုကိုပိုင် ဘာဖြစ်သွားသေးလဲ သဲကိုပြော။''

မြေပြင်ထက်ကမြက်ခင်းကြား လဲကျနေတဲ့ကောင်လေးကို ထူမရင်းနဲ့ ထိုကောင်ငယ်လေးမှာ အနီးတွင်ရပ်၍နေသော ကောင်လေးနှစ်ယောက်အားမျက်စောင်းခဲလိုက်တော့သည်။

''ထွက်သွားကြ...ငါနင်တို့ကိုမမြင်ချင်ဘူးနော်။''

''သဲ..ကိုယ်ရှင်းပြတာကိုနားထောင်ပေးပါဦး။''

''တော်လိုက်တော့ဝသာန်ဦး အက်ကြောင်းထပ်တဲ့စကားတွေကိုငါမကြားချင်ဘူး။ငါသာမှန်တချပ်ဆိုရင်နင်တို့ရဲ့အပြောတွေကြောင့်အက်ကြောင်းအထပ်ထပ်နဲ့ကွဲသွားတာကြာရောပေါ့။အမြင်ကတ်စရာပဲ
ထွက်သွား။''

''သဲထင်သလိုမဟုတ်ဘူးနော်..သဲ။''

''ထွက်သွား... ဆက်မပြောနဲ့။''

''ဝသာန် လာပါကွာ မင်းကိုငါမပြောဘူးလား ရန်မဖြစ်ပါနဲ့ဆိုတာကို။အခုတော့ မင်းရဲ့အသဲကမင်းကို အမြင်မကြည်တော့ဘူး ဘယ်လိုလုပ်ကြမလဲ။နဂိုကတည်းကခက်ခဲရတာကြားကွာ။မင်းအတွက်အခွင့်အရေးမရမှာစိတ်ပူလို့ပါ။''

ဝသာန်ရဲ့နားအနားသို့ကပ်ကာ တီးတိုးပြောလိုက်သည့်ဖြိုးဖြိုးရဲ့စကားကြောင့်
ဝသာန်မှာ လက်သီးကိုတင်းတင်းဆုပ်၍
ပိုင့်ကိုမကျေကြည့်ဖြင့်ကြည့်သွားပါရဲ့။

''မင်းနဲ့ငါ နောက်မှစာရင်းရှင်းကြမယ်..အဟက်။''

ထွက်သွားတဲ့ကောင်လေးနှစ်ယောက်မှာ
အပြင်မှစားစရာဝယ်ပြီးပြန်လာတဲ့ မဟူရာကိုပင် ဝင်တိုက်ခဲ့သေးတာ ဒါပေမဲ့မဟူရာဘက်က ပြသနာမရှာခဲ့၍တော်သေး။

'ဘာလဲဟ... ငယ်ငယ်ရွယ်ရွယ် လက်တောက်လောက်ကများငါ့ကိုဝင်တိုက်ပြီး မသိယောင်ဆောင်လိုက်သေး။
အရင်ကငါ့စိတ်နဲ့သာဆို ဟင်းဟင်း...babyကို ကတိပေးထားလို့နော်။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now