ep(11)💔

4.5K 223 0
                                    

  ပိုင်မှူးဆက် နဲ့လွန်းတို့ လိုအပ်တာတွေဝယ်ရန်..ကုန်တိုက်တစ်ခုကို ထွက်ခဲ့ရပြန်ပြီ။

''လွန်း..''

''ပြောလေကိုပိုင်မှူး..''

''ဒီညမှာ လွန်းကို ကိုယ်ပြောစရာရှိတယ်။''

''ဘာလဲ..ညမှပြောလို့ရမှာလား ဒီစကားက''

''မဟုတ်ပါဘူး..ကိုယ်ကညမှ ​ပြောချင်လို့ပါ။''

''အင်းပါ..ကိုပိုင်မှူးရဲ့  သဘောပဲ..''

''လွန်းအခုကြိုက်တာ ဝယ်လို့ရတယ် ဒါပေမဲ့ လွန်းဝယ်တဲ့အတိုင်းကိုယ်လဲ ဝယ်မှာမို့။''

''ဟင်..အဲ့လိုကြီးလား..''

''ဟုတ်တယ် အဲ့လိုကြီး..''

''ထားပါတော့ လွန်းဘက်ကပဲ နားလည်ပေးရမှာပေါ့။''

''လွန်း..ကိုယ် လွန်းကို ချစ်နေမိပြီထင်တယ်။''

''ဘယ်လို...''မျက်လုံးပြူးမိ

''ဟုတ်တယ်...အမှန်တော့ ညမှဒီစကားကိုပြောမလို့ပဲ..ကိုယ်လွန်းနဲ့ခွဲပြီး မနေနိုင်တော့ဘူး ဒါကြောင့် ခုလိုဖွင့်ပြောရတာ။''

လွန်းရဲ့မျက်နှာဆိုတာ ငရုတ်သီးမှည့်လိုပဲ
နီရဲတွတ်ပြီး ရှက်နေပြီလေ။

''ဟာ..ကိုပိုင်မှူးကလဲဗျာ နောက်နေပြန်ပြီ
လွန်းက မိန်းကလေးမှ မဟုတ်တာ ဘာတွေပြောနေမှန်းမသိဘူး။''

''ကိုယ်သိတယ် လွန်းကမိန်းကလေးမဟုတ်မှန်းလဲ..ဒါပေမဲ့ ယောကျာ်းလေးဖြစ်လဲ ကိုယ့်မှာ ချစ်ပိုင်ခွင့်မရှိတော့ဘူးလား။''

''လွန်းမသိဘူး...လွန်းမတွေးတတ်ဘူး။''

''လွန်း..ကိုယ်ပြောမယ် ချစ်ခြင်းမေတ္တာတရားမှာ ကျားမ ဆိုပြီး ခွဲခြားထားလို့လား။လွန်းက ယောကျာ်းလေးမို့ ကိုယ်ချစ်ခွင့်မရှိတော့ဘူးလား ပြောပါကွာ။''

လူပျိုကြီး.. ရင်ခုန်သံတွေပေါက်ကွဲကုန်ပြီလေ..လွန်းကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ပါ။

''ကိုပိုင်မှူး.. ဒီအကြောင်းကို နောက်မှဆွေးနွေးကြတာပေါ့ ခုတော့ ဝယ်စရာရှိတာဝယ်ပါ..လွန်းကတော့ ဘာမှမပြောချင်ဘူး။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now