ep(45)💔

3.6K 119 0
                                    

'လက်တွေ့အိပ်မက်ဘဝတွေကို လွန်းမုန်းတယ် ကိုကို..ဒီလူသားအဖို့ နာကြင်လေသမျှ ကိုကိုဆိုတဲ့ဖြစ်တည်မှုကြောင့် ရင်ခွင်တခုလုံးမွကြေနေခဲ့ရတာ...
ကျကွဲသွားတဲ့ ဖန်နှလုံးအိမ်ဟာ ဘယ်မှာ
အကောင်းတိုင်းရှိပါ့မလည်း glue နဲ့လည်းပြန်ကပ်မရသလို ပြန်ပေါင်းစည်းဖို့လည်းမဖြစ်နိုင်ဘူး။'

"အဆုံးမရှိဘူးတဲ့..ဟုတ်လား..
အဲ့ဒီအချစ်ဆိုတာကြီးကလေ.."

''အဆုံးရှိလို့ ကိုကို လွန်းကိုထားခဲ့ရတာပေါ့။''

"အမှောင်ယံညတွေကို လွန်းသိပ်ကြောက်တယ် နွေးထွေးတဲ့ ကိုကို့ရင်ခွင်ကြီးမှာခိုနားအိပ်စက်ခဲ့သမျှ..ခုတော့ တောင်းတမှုတွေနဲ့ မျှော်လင့်နေမိဆဲ.."

'ဆုတောင်းတိုင်း မပြည့်ဝခဲ့တဲ့ လွန်းဘဝဟာ ရှေးဘဝက ကံကြောင့်လို့ပဲယူဆရတော့မယ်။ခုဆိုရင် သုံးလဆိုတဲ့အချိန်ကိုတောင်ရောက်လာခဲ့ပြီ အတွေးတွေထဲ
နာကြင်နေဆဲပဲ။ကိုယ်ဝန်ဆိပ်ကြောင့် ပျို့အန်တာတွေရှိပေမဲ့ နေသားမကျသေးတဲ့လွန်းဘဝက ပိုလို့တောင်ဆိုးနေပါတယ်။'

ထိုစဥ်..
''သား..လွန်းရယ် ဝရံတာမှာအေးတယ်လေ
လေစိမ်းတွေတိုက်နေတယ် အခန်းထဲပြန်နားလိုက်နော်...ကြီးမေ နွားနို့ပူပူလေးယူပေးမယ်။''

ဝရံတာမှာရပ်ပြီး အတွေးလွန်နေတဲ့ လွန်းကို ဖေးမမိသူက နှိုင်းမခရဲ့မိခင်ပါ။

''ကြီးမေ..လွန်း မအိပ်ချင်သေးဘူး ခဏလောက် ဒီမှာနေချင်သေးတယ်။''

''သားရယ် လေတွေအရမ်းတိုက်နေတာ..
တော်ကြာဖျားနေပါ့မယ်ကွယ်။''

''အားဆေးလည်းသောက်ရအုံးမယ်လေ
သားရဲ့ ကလေးအတွက် ဒီဆေးလေးတော့
သောက်မှဖြစ်မှာနော်။''

''ဟုတ်ကဲ့..ကြီးမေ..လွန်းသောက်လိုက်ပါ့မယ်။''

''မနက်ဖြန် မောင်ပိုင်မှူးနဲ့ လက်ထပ်တော့မှာပဲ သားရဲ့ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်လွန်းရယ်။
ဖခင်နေရာမှာ မောင်ပိုင်မှူးက တာဝန်အပြည့်ကျေပွန်မှာပါ။သားရဲ့ ကိုယ်ပွားလေးက
လူလောကမှာ မျက်နှာမငယ်ရတော့ဘူးပေါ့။''

''လွန်း..ကလေးအတွက် စဥ်းစားဆုံးဖြတ်ပေးခဲ့တာပါ ဒါကြောင့် ကိုပိုင်နဲ့လွန်း လက်ထပ်ဖို့ဖြစ်လာရခြင်းပဲ။လွန်းရဲ့သားသမီးကို လူတကာဘကဲ့ရဲ့မှာ လွန်းမလိုလားဘူး ကြီးမေ။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now