ep(44)💔

3.6K 121 9
                                    

ခုဆိုရင် မင်းမဟာစံအိမ်ကြီးမှာ အထီးကျန်ခြင်းက ပို၍ဆိုးသွားပြီ။
နိုင်ငံခြားပညာတော်သင်ရောက်နေတဲ့ ဒေါက်တာစိုးငယ်လည်း စစ်မဟာရဲ့သတင်းရော
အကိုဖြစ်သူရဲ့သတင်းကိုပါကြားပြီး အားချင်း
မြန်မာနိုင်ငံကိုပြန်လာခဲ့ရတယ်။

''ဖြစ်မှဖြစ်ရလေဗျာ..အဖြစ်ဆိုးလိုက်တဲ့ဘဝ''

မိသားစုရှေ့နေနဲ့တွေ့ဆုံပြီးအမှုကိစ္စနဲ့ပက်သက်ပြီး ဒေါ်မဟေသီစိုးကို စွဲချက်တင်ခဲ့တဲ့ ဒေါက်တာစိုးငယ်။

လွန်းကိုတော့ ဆေးရုံကြီးမှာတင်ထားရတာမို့ ဒေါက်တာစိုးငယ်ကိုယ်တိုင် အိမ်ကိုပြန်ခေါ်လာပြီးဆေးဆက်ကုပေးခဲ့တယ်။

''လေးလေးစိုး..လွန်းဘာဖြစ်တာလဲဟင်
ခုရက်ပိုင်းနေရတာ အဆင်မပြေဘူး ကိုကို့ကို လွန်းအရမ်းသတိရမိတယ်။ ''

''ချာတိတ်က..ဘာမှမဖြစ်ပါဘူး
အားနည်းလို့ပါကွာ..အနားယူလိုက်ရင်
သက်သာသွားလိမ့်မယ်။''

"ကိုကို လွန်းကိုပြုံးပြနေတယ် လေးလေးစိုး"

"ဟင်..ကိုကို ဘယ်သွားအုံးမလို့လည်း လွန်းရဲ့အဝေးကို ထွက်မသွားဘူးဆို.."

မျက်လုံးထဲ မြင်ယောင်နေပြီး စစ်မဟာကို
သူ့အနားပဲရှိနေတယ်လို့ ခံယူထားတဲ့
လွန်းတစ်ယောက် သူ့အနားကထွက်ခွာသွားသူကို မေ့မရနိုင်ပုံပဲ။

"မသွားပါနဲ့ ကိုကိုရယ်..လွန်းကိုထားခဲ့ပြီးထွက်မသွားပါနဲ့.."

တံခါးဝဆီ ထထွက်သွားပြီး ဒူးထောက်တောင်းပန်နေတဲ့ ဒီကောင်လေးကိုကြည့်ပြီး ဒေါက်တာစိုးငယ် ဂရုဏာသက်ရင်းစိတ်မကောင်းခြင်းများဖြစ်မိပြန်တယ်။

လေဟာနယ်ကို ဖမ်းဆုပ်ကိုင်ရင်း..ချစ်ရသူနဲ့ ကတိစကားတွေရေရွတ်နေရှာတဲ့ လွန်း....
သူ့ပါးပြင်နုနုလေးမှာ ဝမ်းနည်းခြင်းမိုးတွေရွာနေခဲ့ပြီး လက်ခံနိုင်ဖို့ အင်အားမရှိတဲ့ထိုလူသားလေးကို ကံဇာတ်ဆရာက သနားပါ့
မလား..

"ဟင့်..အဟင့်..မသွားပါနဲ့ ကိုကို..လွန်းတောင်းပန်နေတာပါ.."

ခုဆိုရင် စစ်မဟာနဲ့စစ်မဟာရဲ့အဖေ ဆုံးတာ ၁ပတ်တိတိရှိပြီ..
အခန်းငယ်ထဲ နေ့စဥ်အရူးပမာ..ကိုကိုဆိုပြီး ငိုနေခဲ့တဲ့ ထိုလူသားလေးကို မိတ်ဆွေတွေက သနားဂရုဏာသက်ခဲ့ရတယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now