ep(23)💔

3.1K 150 0
                                    

  'အခန်းတံခါးကိုပိတ်ပြီး..အခန်းခွဲအိပ်ပြန်တဲ့ ကျွန်တော့်ရဲ့ ကလေးက ကျွန်တော်စစ်မဟာကို အတော်လေးကြောက်နေပုံပဲ။
ကျွန်တော် ဒီလောက်ထိဆိုးသွမ်းခဲ့တာလား နားမလည်တော့ဘူးဗျာ..
အချစ်နဲ့ပက်သက်လာရင် ကြမ်းတမ်းတဲ့စိတ်ကို ထိန်းချုပ်နည်းမသိတဲ့ ကျွန်တော်ကပဲ မှားခဲ့တာပါ။
ဘယ်တတ်နိုင်မလဲ.. အခန်းခွဲအိပ်ရုံပဲရှိတော့တာပေါ့..ကလေးဆိုးလေးက ပညာပြနေခြင်းပေ။'

'လက်ထပ်ပြီးရင် အရာအားလုံးပြေလည်မယ်ထင်ထားခဲ့ပေမဲ့ တကယ်တမ်းကျတော့ စိတ်ကူးထဲကလောက်မလွယ်ခဲ့။'

'အချစ်ကြီးခဲ့တော့ ကိုယ်နားလည်ပေးရမှာပေါ့ ကလေးရာ...ကလေးကြည်ဖြူမဲ့နေ့ကို
ကိုယ်စောင့်ပါ့မယ်။'

အိပ်ခန်းထဲ..မသောက်နိုင်တဲ့ ဝိုင်ပုလင်းကို
စိုက်ကြည့်ရင်း..'ငါဘာလုပ်သင့်လဲ။'

'ဟိုလူကြီးကိုတော့ မောင်းထုတ်ပြီးပြီ..ငါစိတ်ကြိုက်တစ်ယောက်တည်းမို့ သောက်ရင်ကောင်းမလား..ဒီညအိပ်လို့ပျော်အောင်
ဒီဝိုင်သောက်ပြီး အိပ်မှဖြစ်တော့မှာ။'

အခန်းပြင်လဲ ပြန်မထွက်ချင်တာနဲ့..ပုလင်းလိုက်မော့ပစ်လိုက်တယ်။

..စစချင်းမှာတော့..ပြင်းရှရှအရသာနဲ့အတူ လည်ချောင်းထဲ ပူဆင်းလာခဲ့တဲ့ စပျစ်ဝိုင်ရဲ့အရသာက လွန်းကိုဆွဲဆောင်နေတာကြောင့် ဆက်ပြီးမော့လိုက်လေတယ်။

''ဂလု..ဂလု.ဂလု''နဲ့ အားရပါးရမော့လို့အပြီးမှာတော့..''အေ့''..
လွန်းရဲ့မျက်လုံးထဲ ရီဝေဝေနဲ့စတင်ဝေဝါးလာ​​ပြန်တော့..''ငါအိပ်သင့်ပြီ..အင့်'' မွေ့ယာပေါ်
ပစ်လှဲချကာ သူ့မျက်ဝန်းတွေကို ပိတ်ပစ်လိုက်တော့တယ်။

စစ်မဟာကတော့..ခေါင်းအုံးပိုက်ကာ..ဆိုဖာရှိရာဆီ ခြေဦးလှည့်ခဲ့ရပြီ
'ကလေး.. အိပ်လို့ရော အဆင်ပြေပါ့မလား' စိတ်ထဲကတွေးပူနေတဲ့ စစ်မဟာ။

(ဟိုကဝိုင်သောက်ပြီးနှပ်နေပြီ😂)

မနက်မိုးလင်းလို့ နေရောင်ဖြာရင်ဖြင့် ခြံထဲကသစ်ပင်အောက်မှာ လေကျင့်ခန်းလုပ်နေကျ စစ်မဟာ..ဒီမနက်မှာတော့ အိပ်ယာကမနိုးသေးပေ..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now