ep(17)💔

4.1K 185 0
                                    

ယောကျာ်းချင်းလက်ထပ်မဲ့ကိစ္စကို လုံးဝသဘောမတူတဲ့ ဒေါ်မေထား..
''မဖြစ်နိုင်ဘူးကိုကျော်နိုင်..သားကို အဲ့ဒီအရိုင်းအစိုင်းကောင်နဲ့ ထားတော့ လုံးဝသဘောမတူနိုင်ဘူး။''

''ဘယ်လိုလုပ်ရမလဲ..မိန်းမရယ် သားက
သူနဲ့ညတောင်အတူအိပ်ခဲ့ပြီးပြီ..
အို..ဒါတွေထားဂရုမစိုက်ဘူး..
သားနဲ့တော့ မပေးစါးနိုင်ဘူးရှင်..''

''ကျွန်မကတော့ ဒီလက်ထပ်ပေးမဲ့အရေးကို
လုံးဝဆို လုံဝသဘောမတူနိုင်ဘူး။''

''ရှင်လည်း..သဘောတူပေးစရာ ဘာအကြောင်းမှမရှိဘူး..သားကို အိမ်ပြန်ခေါ်ထားကြမယ်လေ နော်.. နော်လို့။''

''ဒီကိစ္စကို သားကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ
ထား။ နစ်နာရတာ ကိုယ်တို့ရဲ့သားပါကွာ
သားပဲဆုံးဖြတ်ပါစေ။''

''အဟင့်..အဟင့်..ကျွန်မတော့ ရင်ကျိုးရပြီ
သားရယ် မာမီရင်တွေ ကွဲရပါပြီနော့်။''

အဖေနဲ့အမေ ပြောနေတဲ့ စကားတွေကို လှေကားအတတ်အဆင်းမှာ နားထောင်နေမိတဲ့ သုတ..
'ဟင်..ကိုကိုက ယောကျာ်းသားတစ်ယောက်နဲ့ ညအတူအိပ်ခဲ့တယ်။'
မျက်လုံးအပြူးသားနဲ့ သုတအတွေးတွေနယ်ချဲ့လျှက်။

လွန်းကို ထားထားတဲ့အိပ်ခန်းထဲ.. စစ်မဟာရှိနေပေမဲ့ ဉီးလေးဖြစ်သူ ဒေါက်တာ
စိုးငယ်ရောက်လာပြန်တယ်..
''မဟာ..ဒီနေ့ ဒီကောင်လေးကို ဆေးရုံတင်မှရလိမ့်မယ်။''

''ဦးငယ် ဒီလိုလုပ်မှဖြစ်မှာလား..ကျွန်တော်
လွန်းကိုဆေးရုံမတင်ချင်ဘူး။''

''မတင်လို့မရဘူးမဟာ..သူမေ့နေတာ ၁၂ရက်မကတော့ဘူး..အခြေအနေတွေက
မင်းထင်သလိုမဟုတ်ဘူး..ဒီထက်ဆိုးသွားတာမင်းမြင်ချင်လို့လား ပြောလေ။''

မျက်ဝန်းမှမျက်ရည်တွေက လွန်းရဲ့လက်ခုံထက် တစ်စက်ချင်းကျဆင်းပြီးတဲ့နောက်..
''ဆေးရုံတင်ဆိုတော့လည်း တင်ရတော့မှာပေါ့ ဒါတွေက ကျွန်တော်ကြောင့်ဖြစ်ရတာ
မို့... အပြစ်အရှိဆုံးက ကျွန်တော်ပဲ။''

''မင်းအဆင်သင့်ပြင်ထား..ခဏနေ ငါအရေးပေါ်ကားလွှတ်လိုက်မယ်။''

''ကောင်းပြီ..ဦးငယ်..''

လွန်းကိုဆေးရုံတင်တဲ့ရက်က စစ်မဟာ
ဆရာဝန်ကြီးတွေနဲ့ ပိုက်ဆံဘယ်လောက်ကုန်ကုန် အမြန်ဆုံးသတိရအောင် ကုသခိုင်းပြန်ရော..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now