ep(43)💔

3.6K 128 16
                                    

ညနေလောက်မှာ ထမင်းဝိုင်းအလယ်အချိန်မှီရောက်လာပြီး စားစရာတချို့ပြောင်းပြင်ပေးခဲ့တဲ့ အိမ်တော်ထိန်းကြီးကြောင့် စစ်မဟာကျေးဇူးတင်မိပြန်တယ်။

''ဦးလေး ဘယ်သွားနေလို့ ခုမှပြန်လာရတာလည်း။''

စစ်မဟာရဲ့အမေးကြောင့်..
''ဦးလေး အိမ်မှာလိုအပ်တဲ့ပစ္စည်းလေးတွေသွားဝယ်နေလို့ပါ မောင်စစ်မဟာ.."

"ကျွန်တော် ဦးလေးပြင်ပေးထါးတဲ့ ညစာကို
တော်တော်လေးကြိုက်တယ်။''

''လွန်း စားရတာအဆင်ပြေရဲ့လား..."

''ပြေပါတယ် ကိုကိုရဲ့..လွန်းတော်တော်လေး
စားပစ်လိုက်တာ ဗိုက်တောင့်အင့်နေပြီ။''

စကားလက်စုံကျနေတဲ့ သူတို့သုံးယောက်ကို မကျေနပ်သည့်အကြည့်များနဲ့ကြည့်နေသူက ဒေါ်မဟေသီစိုးပါ..'တောက်စ်..
ငါ့အကြံအစည်တွေ အကုန်ပျက်ရတာ..
ဟိုအိမ်တော်ထိန်းကြောင့်...'

သူမရဲ့စိတ်ထဲ
မကျေနပ်သည်များကို ပေါက်ကွဲပစ်နေပေမဲ့ လက်တွေ့မှာတော့ ထမင်းပဲ ဟန်ပြစားနေရတယ်။

'လွယ်ပါတယ် ဒီည သူ့အဖေကို ကိစ္စတုံးပစ်ရတာပေါ့။ဒါမှ ငါအမွေတွေခွဲယူပြီး လွတ်လပ်မှုကို ပြန်ရမှာ ပြီးမှ အဲ့အခြောက်ကောင်ကို ဓားနဲ့မွှန်းပြီးဆားသိပ်ပစ်မယ်မှတ်။လွန်းခေတ်ဆိုတဲ့ အခြောက်ကောင်
ငါ့တပည့်တွေကို မင်းအတွက်လက်ဆောင်ပြင်ခိုင်းထားတယ် အဟက်..မကြာခင်ဆုံ​ကြမယ် အကောင်းဆုံးခံစားမှုတွေ ငါပေးခိုင်းလိုက်ပါ့မယ် မင်းအတွက်...'

စားသောက်ပြီးလို့ အိပ်ခန်းထဲ နားနေတဲ့လွန်းခေတ်...ဟာသကားလေးကြည့်ပြီးတစ်ယောက်တည်းပြုံးစိစိနဲ့ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေရှာတယ်။

"လွန်း baby ကိုခြံထဲမှာရှိမယ်နော် အိမ်တော်ထိန်းကြီးနဲ့စကားခဏပြောပြီးရင်
ကိုယ်ပြန်လာခဲ့မယ် တံခါးသေချာပိတ်ထားအုံးနော်..."

"ဟုတ်..ကိုကို.."

စစ်မဟာထွက်သွားပြီးမကြာပါဘူး..
လွန်းပိတ်ထားတဲ့တံခါးကို လာခေါက်သံကြားလို့ ဖွင့်ပေးလိုက်မိတယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now