Chapter _ 3

26.8K 2K 43
                                    

Unicode
********

Dragon အိမ်တော်တစ်ခုလုံးကို ကာကွယ်ရေး
စနစ်တွေဖွင့်ထားရုံမက နေရာအနှံ့အပြားမှာ
လည်းထိပ်တန်းသက်တော်စောင့်တွေကိုနေရာချထားသည် ။

{ ဖယ်စမ်း..!!! }

Dragon ဂိုဏ်းသားတစ်ဦးရဲ့နဖူးတည့်တည့်
မှာနေရာယူလာတဲ့ အနက်ရောင်သေနတ်တစ်
လတ်နဲ့အတူ မာန့် ရဲ့ဒေါသတွေပြည့်နေတဲ့အ
မိန့်တစ်ခု...။ မာန့် လက်ထဲကသေနတ်ကြောင့်
အချိန်မရွေးသေသွားနိုင်တာသိပေမယ့် ဂိုဏ်း
သားတစ်ယောက်မှ မာန့် အမိန့်ကိုမနာခံကြပေ ။

မာန့် ဘဝထဲကို ကလေးငယ် ရောက်လာတဲ့အ
ချိန်ကစပြီး မာန့် အချိန်တွေတိုင်းက ကလေး
ငယ် အတွက်ဘဲဖြစ်စေခဲ့သည် ။ အဝါရောင်
တစ်ထပ်တိုက်လေးမှာ ကလေးငယ် နဲ့အတူတူ
နေနေစဥ် ကလေးငယ် ကိုလိုအပ်တာတွေဝယ်
ပေးဖို့ မာန် သတိရသွားခဲ့သည် ။

လွန်ခဲ့တဲ့ ၃ ရက်တုန်းက ကလေးငယ် ကိုလို
အပ်တာတွေဝယ်ပေးဖို့အတွက် မာန် အပြင်
သွားဖို့ပြင်ဆင်နေစဥ် မာန် နဲ့တစ်ခါမှမခွဲဖူး
သေးတဲ့ ကလေးငယ် က မာန် အပြင်သွားမှာ
ကိုငြင်းဆန်နေခဲ့သေးသည် ။

ဒါပေမယ့် မာန် ကလိုအပ်တာတွေဝယ်ပြီးတာနဲ့ ချက်ချင်းပြန်လာမှာပါလို့ ကတိတွေပေးတော့လိမ္မာတဲ့ ကလေးလေးက မာန့် စကားကိုခေါင်းလေးငြိမ့်ကာ နားထောင်ရှာသည် ။ တကယ်ဆို
ကလေးငယ် ကိုပါ မာန် နဲ့အတူတူခေါ်သွားခဲ့
သင့်တာ...။

မာန် အပြင်ရောက်ပြီးမကြာခင်မှာဘဲ Daddy
ရဲ့လူတွေကအတင်းအကြပ် Dragon အိမ်
တော်ကိုပြန်စေခဲ့ပြီး Daddy ကပါ မာန့် ကိုအ
ပြင်ထွက်ခွင့်ပိတ်ပစ်လိုက်သည် ။ ကလေးငယ်
ကဒီလောက်အကြာကြီး မာန် နဲ့ခွဲဖူးတာမဟုတ်..။

အခုလောက်ဆို မာန့် ကိုမတွေ့ရလို့ Baby Bunny လေးငိုနေရှာတော့မှာလို့ စဥ်းစားမိလိုက်တာနဲ့ မာန် ဒီတိုင်းမနေနိုင်တော့.....။
Daddy အလုပ်ခန်းထဲကသေနတ်တစ်လတ်ကို
ဆွဲယူလာပြီး တစ်အိမ်လုံးဘယ်သူမှမနေရ
အောင်သောင်းကြမ်းပစ်တော့သည် ။

{ Xiao Wang..... }

မာန့် အခြေအနေကိုတည်ငြိမ်စွာ ရပ်ကြည့်နေ
တဲ့ Daddy ရဲ့ခေါ်သံကြားမှခြေလှမ်းကျဲတွေဖြင့် Daddy ရှေ့လျှောက်သွားလိုက်သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now