Chapter _ 4

24.7K 1.9K 58
                                    

Unicode
********

သိုသိပ်စွာဆောက်လုပ်ထားသည့် အဆောက်
ဦးတစ်ခုရဲ့အခန်းငယ်ထဲတွင် နာကျင်မှု
ကြောင့်အော်ဟစ်နေသံ ခပ်သဲ့သဲ့ကိုကြားနေ
ရသည် ။ ထိုလူက Black Group ရဲ့ဦးဆောင်
သူ ဝမ်ဟောက် ပင်...။

အခုချိန်မှာသူက Dragon ဂိုဏ်းကိုထိပါးလိုက်
မိပြီဖြစ်တာကြောင့် ဆေးရုံ ၊ ဆေးခန်း ပင်မ
သွားဝံ့တော့ချေ...။ လက်အောက်ငယ်သားတွေ
ထဲက ဆေးပညာအနည်းငယ်တတ်ကျွမ်းတဲ့
သူဆီကိုသာ သူ့ဘဝတစ်ခုလုံးအလောင်းအ
စားလုပ်ပြီး ကုသမှုခံယူနေရသည် ။

ဆယ်ကျော်သက်လူငယ်လေးကြောင့် ရခဲ့တဲ့ဒဏ်ရာကနှလုံးနဲ့ 3 cm လွဲသွားတာကြောင့်ကံကောင်းစွာအသက်ရှင်ခွင့်ရခဲ့သည်တဲ့...။
ဆေးကုသပေးနေတဲ့လက်အောက်ငယ်သား
ရဲ့စကားကြောင့် ဝမ်ဟောက် အံတင်းတင်း
ကြိတ်ထားလိုက်မိသည် ။

{ ခေါင်းဆောင်... ဒီနေရာမှာဆေးပစ္စည်းမစုံ
ဘူး အဲ့တာကြောင့်မေ့ဆေးပေးလို့မရဘူး
ကျွန်တော်တို့ထုံဆေးနဲ့ဘဲချုပ်လို့ရမယ် }

ဓားဒဏ်ရာကြောင့် ဝမ်ဟောက် စကားပင်မ
ပြောနိုင်တော့ပေ...။ ထုံဆေးဆိုတော့လဲ ထုံ
ဆေးပေါ့ သူ့မှာရွေးချယ်စရာမှမရှိတော့ဘဲ
အသက်သာရှင်မယ်ဆို လုပ်သင့်တာလုပ်လိုက်
တော့ဆိုသည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ရ
သည် ။

တစ်နာရီကျော်ကျော်အချိန်ယူလို့အပြီးမှာတော့
ဆေးကုသလို့ပြီးသွားခဲ့ပြီဖြစ်သည် ။ သို့
သော် ဝမ်ဟောက် အတွက်သေမတတ်နာကျင်
မှုတွေကအခုမှစတာပင်....။ ထုံဆေးပျယ်
သွားပြီဖြစ်တာကြောင့် နှလုံးနေရာဆီကနာ
ကျင်မှုတွေက အသက်ရှူရပ်မတတ်....။

{ ခေါင်းဆောင်!!.....ခေါင်းဆောင်!! }

ဖြူဖျော့နေသည့်မျက်နှာဖြင့် ရေးကြီးသုတ်ပြာ
ပြေးဝင်လာသည့်လူကို ဝမ်ဟောက် စိတ်မ
ကြည်စွာစိုက်ကြည့်လိုက်သည် ။

{ ဘာဖြစ်လာပြန်တာလဲ... }

ဝမ်ဟောက် ရှေ့မှာရုတ်တရက်ဒူးထောက်ချ
လိုက်သည့်ထိုလူရဲ့လုပ်ရပ်ကြောင့် တစ်ခုခု
တော့လွဲပြီဆိုတာအတပ်သိလိုက်သည် ။

{ ကျွန်တော်တို့ လူမှားဖမ်းလာပြီ }

{ ဘာစကားပြောတာလဲ...ထပ်ပြောစမ်း }

💞 Eternal Love 💞 { Completed }Where stories live. Discover now