Chapter _ 12

25.7K 2K 103
                                    

Unicode
********

G & S company ခွဲတစ်ခုရဲ့အပေါ်ဆုံးထပ်
မှာပြင်ဆင်ပေးထားသည့် CEO ဂုဏ်ရှိန်သွေး
အတွက်ရုံးခန်းကိုခိုင်ခံ့သည့်မှန်နံရံကြီးဖြင့်
အလှဆင်ထားပေးသည် ။ မှန်နံရံကတစ်ဆင့်
မြင်နေရသည့် မြို့ပြရဲ့ရူခင်းတွေကလည်း
အသက်ရှူမှားလောက်အောင် လှပလျှက် ။

ဂုဏ် မှန်နံရံရှေ့မှာရပ်နေရင်းစိတ်လွင့်နေမိ
သည် ။ တကယ်တော့ ကောင်လေး နဲ့ဆုံပြီး
ကတည်းက ဂုဏ့် စိတ်တွေ ကောင်လေး ဆီ
ဘဲရောက်နေတော့တာပင် ။ မှန်နံရံကတစ်
ဆင့်မြင်နေရသည့် သွားလာလှုပ်ရှားနေတဲ့လူ
တစ်ချို့ကိုကြည့်ပြီး ပေါက်ပေါက်ရှာရှာတွေး
မိလိုက်သေးတယ်...။

ကောင်လေးလောက်ဘယ်သူမှကြည့်မကောင်း
ဘူးရယ်လို့........။

** ဒေါက် ဒေါက် **

" ဝင်ခဲ့ "

ဂုဏ့် ခွင့်ပြုချက်ဖြင့် အခန်းထဲဝင်လာသည့်
ဆန်းထူး ရဲ့မျက်နှာသိပ်မကောင်းသည်ကို
CEO ဖြစ်သူကသတိထားမိဟန်မတူ...။

" ကောင်လေး အကြောင်းစုံစမ်းခိုင်းထားတာ
တွေပါ....."

စားပွဲပေါ်တင်ပေးလိုက်သည့် File တွဲကိုဆွဲ
ယူသွားသည့် ဂုဏ့် မျက်လုံးတွေကပျော်ရွှင်
မှုကြောင့်တောက်ပနေသည် ။

" တာဝန်ကျေပါတယ်....သွားလို့ရပြီ "

ကောင်လေးရဲ့သတင်းရတယ်ဆိုကတည်းက
ဖုံးဖိမရအောင်ပျော်နေတဲ့ ဂုဏ့် ကိုနှုတ်ဆက်
ခြင်းမရှိလှည့်ထွက်သွားသည့် ဆန်းထူး ကို
အပြစ်တင်မယ့်သူမရှိခဲ့...။

SUN Group ရဲ့တစ်ဦးတည်းသောမြေးဖြစ်
တဲ့ ဆန်းထူး ကဘာရည်ရွယ်ချက်နဲ့ အကို့
အတွင်းရေးမှူးအဖြစ်အလုပ်လာလုပ်နေရ
တာလဲဆိုတာ တကယ်ဘဲသတိမထားမိဘူး
လား...။ လုပ်ငန်းအတွေ့အကြုံရအောင်ဆို
တဲ့အကြောင်းပြချက်ကြီးနဲ့ အလုပ်ဝင်လာတဲ့
သူ့ကို အကို ကနည်းနည်းမှသံသယမဝင်ခဲ့ဘူး
တဲ့လား....။

Play Boy ရယ်လို့နာမည်ကြီးပြီး အချစ်ကိုက
စားတဲ့နေရာမှာတော်လွန်းတယ်ဆိုတဲ့ အကို
ဆီမှာ တစ်ခါလောက်ဘဲဖြစ်ဖြစ် အရုပ်လေး
အဖြစ်ရှိနေပေးချင်တဲ့သူက ဒီကောင်ရယ်ပါ
အကို...။ ဒီကောင်လေးနဲ့ဆုံပြီးကတည်းက
အကို့ ရဲ့စိတ်တွေအဲ့ဒီကောင်လေးဆီမှာဘဲရှိ
နေတာ တခြားလူမသိရင်တောင် ကျွန်တော်
တော့ကောင်းကောင်းသိနေတယ် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now