Chapter _ 50

19.8K 1.8K 110
                                    

Unicode
********

** ဒေါက်...ဒေါက်...**

ခေါင်းမထောင်ချင်လောက်အောင်မူးနှောက်
နေပေမယ့် တံခါးခေါက်သံတိုးတိုးကြောင့်
ဂုဏ် ထထိုင်လိုက်သည် ။ ကြည့်ရတာ မနေ့
ညကသောက်တာများသွားလို့ဒီအချိန်ထိအိပ်
နေမိပုံပင် ။ ဂုဏ် တံခါးသွားဖွင့်လိုက်တော့
အိမ်မှာထမင်းဟင်းလာချက်ပေးလေ့ရှိတဲ့
ဒေါ်လေးသိန်း...။

" ဒေါ်လေး သခင်လေး ကိုမနိူးဘဲနေမလို့ဘဲ
ဒါပေမယ့်လေ အိမ်ရှေ့ကကောင်လေး
ကြောင့်..."

ကောင်လေး ဆိုတ​ဲ့စကားကြောင့် ဂုဏ် နည်း
နည်းအထိပ်တလန့်ဖြစ်သွားခဲ့သည် ။ မဟုတ်
မှလွဲရော ပိုးပြည့်စုံ တစ်ညလုံးအဲ့ဒီနေရာမှာ
စောင့်နေခဲ့တာများလား ။

" ပိုးပြည့်စုံလား...."

" ဟုတ်တယ် သခင်လေး တစ်ညလုံးမိုးရေထဲ
မှာနေနေတာနဲ့တူတယ်...အခု ဖျားနေပြီ "

ထိုကောင်လေး ဖျားနေတယ်လို့ကြားတော့
ဂုဏ် စိတ်ထဲနည်းနည်းမှ နေလို့မကောင်းပေ။
တစ်ခုခုဆုံးရှုံးသွားသလိုခံစားချက်တွေက
ဂုဏ့် ဦးနှောက်တစ်ခုလုံးကိုလွှမ်းမိုးလာ၏ ။
ဂုဏ် မျက်နှာတောင်မသစ်နိုင်ဘဲအောက်ထပ်
ကိုပြေးဆင်းလာခဲ့မိသည် ။ လူတစ်ယောက်
လုံးဖျားနေတာကိုဘာလို့အိမ်ထဲမခေါ်ထားကြ
တာလဲ ။

ဂုဏ် အိမ်တံခါးဖွင့်လိုက်တာနဲ့ တံခါးဘေးမှာ
မျက်လုံးလေးမှိတ်ပြီး မှေးနေတဲ့ ပိုးပြည့်စုံ
လေးကိုတွေ့လိုက်ရသည် ။ တစ်ညလုံးဒီတိုင်း
နေနေခဲ့တာလား ။ မိုးမသည်းရင်တောင် ဒီနေ
ရာလေးကမိုးမလုံတာ တစ်ညလုံးဒီမိုးသည်း
ထဲမှာဘယ်လိုများနေခဲ့တာလဲကွာ....။

" ပိုးပြည့်စုံ..."

နံရံလေးမှီထားတဲ့ကောင်လေးရဲ့ပုခုံးကိုလှုပ်
ခါတော့ ဂုဏ့် ကိုဖျော့တော့တော့လေး မော့
ကြည့်လာ၏ ။ ဒီခန္တာကိုယ်သေးသေးလေး
ကအဖျားဝင်တဲ့အခါကျရင်ဒီလိုပူလောင်နေ
ကျဘဲလား...။

" ဦး......ငယ်လေ....."

" မင်းရူးနေလား...ဟမ် မိုးရွာရင်အိမ်ပြန်ရမယ်
ဆိုတာမသိဘူးလား...ဒါမှမဟုတ်လဲကားထဲ
ဝင်နေပါလား "

💞 Eternal Love 💞 { Completed }Where stories live. Discover now