EXTRA _ 2

18.8K 1.4K 198
                                    

Unicode
********

နန်းတော်တမျှခမ်းနားလှတဲ့ စံအိမ်ကြီးကအ
ရင်ရက်တွေကထက်အနည်းငယ် တိတ်ဆိတ်
လို့နေသည် ။ ဧည့်ခန်းက Sofa မှာယှဥ်လျှက်
ထိုင်နေတဲ့ Daddy နဲ့ Mommy တို့မှာလည်း
မျက်နှာမကောင်းကြ...။

" ဟင့်...ရွတ်!....အင့်....အင့်....ရွတ်! "

" Baby....မငိုနဲ့တော့လေ...မောနေတော့မှာဘဲ
ကွာ..."

Daddy တို့နဲ့မျက်နှာချင်းဆိုင်ထိုင်နေသည့်
မာန့် ရင်ခွင်ထဲခွေပြီးတရှုံ့ရှုံ့ငိုနေတဲ့ Baby
ကြောင့် ဒေါ်လေးမေ မှာလည်းစိတ်မကောင်း
ဖြစ်နေဟန်ဖြင့် အနားကနေတစ်ဖဝါးမှမခွာ
နိုင်ပေ...။

" ငယ်လေး...မေမေ့ဆီလာပါဦး "

" လာဘူး...အင့်...မေမေက.... သား...ကို...ထား
ခဲ့...အင့်...တော့မှာ..."

သားငယ် ဆီကထိုစကားကြားရတော့ ဒေါ်စော
သင်ဇာ စိတ်မကောင်းပေ ။ သားငယ် စိတ်မ
ကောင်းဖြစ်မှာစိုးလို့ ဒီနေ့ China ကိုပြန်မယ့်
အကြောင်းကိုမပြောခဲ့တာ ။ ကံဆိုးချင်တော့
သားငယ် ကဒီနေ့မှစောစောထလာပြီး သူတို့
ပြန်တော့မယ့်အကြောင်းကိုသိသွားခဲ့သည် ။

" Mommy....ဒီတိုင်းဆိုနောက်ကျတော့မယ်
သွားစရာရှိတာသွားလိုက်ပါ "

Mommy တို့ကိုသွားခိုင်းတော့ မာန့် ကိုမျက်
ရည်တွေနဲ့မော့ကြည့်ပြီးမျက်စောင်းထိုးသည်။
သူကမပြန်စေချင်တာကို မာန် ကပြန်ခိုင်းနေ
တာကြောင့်ခဏနေရင် မာန့် ကိုစိတ်ကောက်
တော့မှာသေချာသည် ။ မာန် ပြောတာလည်း
မှန်တာမို့ Daddy က Mommy ကိုဆွဲထူရင်း
ပွေ့တစ်ခါ ချော့တစ်လှည့်ဖြင့်အိမ်တံခါးဆီ
ကိုဆွဲခေါ်သွားသည် ။

" Baby.... Mommy တို့သွားတော့မယ်လေ
နှုတ်မဆက်တော့ဘူးလား.."

" အင့်...ဟင့်...ရွတ်! "

Baby က မာန့် ရင်ခွင်ထဲကနေ ခေါင်းရမ်းပြ
လာတော့ Mommy ကခိုးငိုသည် ။ Mommy
လည်း Baby နဲ့ခွဲချင်မှာမဟုတ်ပေ ။ ဒါပေမယ့်
မြန်မာနိုင်ငံမှာအခြေချဖို့စီစဥ်ထားတဲ့ မာန့်
ကြောင့်တရုတ်ပြည်ကအလုပ်တွေကို Daddy
ကစီမံပေးဖို့ဖြစ်လာခဲ့သည် ။ မာန် ကဒီကနေ
ညွှန်ကြားနေတာမှန်ပေမယ့်တစ်ယောက်
ယောက်ကတော့ဦးဆောင်ရဦးမယ်လေ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now