Prologue 1

7.6K 296 7
                                    

"မင်းတို့ ဒီလောက်တောင်
တော်နေမှတော့ ဘာလို့
ကောင်းကင်ဘုံ အထိ ​ရောက်
အောင် မကြွမြန်းကြတာလဲ?.."

ဒါကတော့ Male character
ကို ယူပြီး ဂိမ်းဆော့တဲ့ မိန်းကလေး
တစ်ယောက်ရဲ့ အကြောင်း​ပေါ့။
သူမရဲ့ဂိမ်း characterလေး
ကို အဆင့်တွေ တိုးပြီး သန်မာလာ
အောင် ဂရုစိုက်ရတဲ့ အပြင်
တစ်နေ့ကျရင် သူမရဲ့အိုင်​​ဒေါ
ကို စပွန်ဆာပေးနိုင်အောင်
ဆိုပြီး ပိုက်ဆံအိတ် ကို မြို့စောင့်တံခါးစောင့်တဲ့ စစ်သူကြီး
ပမာ​ ​စောင့်ကြပ်ကြည့်ရူ့နေရတဲ့
ရည်​ရွယ်​ချက်​ မြင့်မြင့်မားမားနဲ့
မိန်းက​လေးလို့ ဆိုလည်း ဘယ်မှား
လိမ့်မလားပေါ့နော်....

ဒီဝတ္ထုလေးမှာတော့ စိတ်ပိုင်း
ဆိုင်ရာ ချို့တဲ့နေကြတဲ့
အရူးတစ်သိုက်ရဲ့ အ​ကြောင်း
ကိုပါ ပူးတွဲ​တွေ့နိုင်မှာပါ။
__________________________________________________________________
ထန်းရှောင် မှာ ဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင် ကို
စပွန်ဆာပေးနိုင်တဲ့ ကောင်းကင်
​ထောက်တိုင် မိခင်ကြီး ဖြစ်လာဖို့။ ဒုတိယတစ်ခု ကတော့ စုမူကျိကို
အနိုင်ကျင့်တဲ့ ရန်သူမှန်သမျှ
ကို ​ဆော်ပလော် တီးလွှတ်ဖို့။

Female Player: "မိန်းမရေ ..ယောက်ျားတော့ ​သေတော့မယ်!
ကိုယ် ​သေတဲ့ အခါကျရင်လေ
ကိုယ့်ကို တင်းတင်းကြပ်ကြပ်
ဖက်ထားဖို့မမေ့နဲ့နော်! ဒီလိုကျမှ ကိုယ်တို့အတွက် သွေးကလဲ့စား
​ချေ​​ပေးမဲ့သူတွေ က ကိုယ်တို့နှစ်
​ယောက် ကို လင်မယားမှန်း
သိကြမှာ!"

Male Player: "... ..."

Everyone: "မင်းတို့နှစ်ယောက်
လုံး ​ကောင်းကင်ဘုံကို မကြွသေး
ဘူးလား?"
__________________________________________________________________
ထန်းရှောင်ရဲ့ တစ်ရက်တစ်ရက်
အိမ်မှာ ​နေရင်း ကုန်ဆုံးတဲ့ အချိန်
တွေမှာ ပထမဆုံး လုပ်တာ က
သူမရဲ့အခန်းတစ်ခုလုံး မှာ
ကပ်ထားတဲ့ သူမရဲ့အသည်း
​ကျော် အိုင်ဒေါလေး မူချောင် ရဲ့
ကိုယ်တစ်ပိုင်း အဝတ်မပါတဲ့
ရုပ်ပုံပိုစတာတွေကို
ကြက်တောင်မွှေး နဲ့ တစ်ဗြန်း
ဗြန်း ဖုန်သုတ်တယ်။ပြီးတော့
နမ်းတယ်...ပြီးတာ နဲ့ ပြန်သုတ်
တယ်...ပြီးတာနဲ့ ပြန်နမ်းတယ်........

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now