Chapter 3

842 154 16
                                    

"လက်ထပ်ပွဲ ပျက်စီးပြီးနောက် ဖိအားပေး လက်ထပ်ခြင်း"

ဒီရက်တွေ အတွင်း LanRe Serverက လူတွေရဲ့နှုတ်ဖျားမှာ အတော်လေး ​ရေပန်းစားနေတဲ့ အချစ်အမုန်း ဒရာမာဇာတ်လမ်း
​လေး တစ်ပုဒ်ရှိနေတယ်။

ပထမဆုံးဇာတ်လမ်း စတာတော့ ဘုံသုံးဘုံရဲ့ စွန့်ပစ်ခြင်းကို ခံထားရ
ပြီး ​သေလမ်းရှာနေတဲ့ ထန်းရှီ ဆို
တဲ့ အမျိုးသားကောင်း တစ်
​ယောက်က နတ်ဘုရားမ စုမူကျိ
ကို လက်ထပ်ပါ ရစေဆိုပြီး
တစ်လလုံးလုံး နောက်ကနေ
​ခြေထောက်လိုက် ဖက်တယ်တဲ့။

အဲဒါလည်း ပြီးရော
Ranzhi Clanနဲ့ MengHu Clanနှစ်ခုလုံး တစ်လလုံးလုံး
တိုက်ပွဲတွေ ဖြစ်ကြရော။

သိပ်မကြာဘူး။
နတ်ဘုရားမစုမူကျိ က အချစ်မှာ
မျက်စိမပါဘူးဆိုတဲ့.အတိုင်း
မျက်ကန်း ဖြစ်သွားပြီး လက်ထပ်ဖို့ သဘောတူလိုက်တယ်။

ဒီနေရာမှာ ကိုရီးယားကားထဲ
မှာတောင် မခန့်မှန်းနိုင်တဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက် က ချိုးသွားပါရော။ အဲဒါကတော့
ကျက်သတုံးကောင် ထန်းရှီက
မပြောမဆိုနဲ့ မင်္ဂလာဆောင်
ကနေ ထွက်ပြေးသွားတယ်တဲ့။

ပြီးတာနဲ့ Clanနှစ်ခု တစ်​ပတ်​
လုံးလုံး ကိုက်လိုက်ကြတာများ
ဝက်ဝက်ကို ကွဲကုန်​တာ။

အခုတစ်ပတ်ထဲ ​နောက်ဆုံးရ
ဒရာမာဇာတ်လမ်း ကတော့ အချစ်မျက်ကန်းမလေး နတ်ဘုရားမ
စုမူကျိက လက်ထပ်ပွဲကို အတင်း
ဖိအားပေးပြီး လုပ်ဖို့ စီစဉ်နေတယ် ဆိုလားပဲ။

LanRe Server က လူများ: "ဒီဒရာမာကားက အရမ်းအရမ်း
ကို စိတ်လှုပ်ရှားဖို့ကောင်းလိုက်​
တာ"

နေ့ရက်တိုင်း မှာ Clanတိုင်း က
သူတွေ​ ​ပေါက်ပေါက်ဖောက်အောင် ဆွေးနွေးကြတဲ့ အ​ကြောင်းအရာ
က နတ်ဘုရားမစုမူကျိ ရဲ့
ဖိအားပေး လက်ထပ်ပွဲ ဆိုတဲ့​
​ခေါင်းစဉ်ပဲ။

[Worldစကားဝိုင်း၁] ရွှေရောင်နေ့ရက်လေးများ: "ဟေး...အားလုံးပဲ။ ငါ ဒီနေ့
စုမူကျိကို ကိုယ်စားပြုပြီး
​ပြောမယ်! ချစ်ရပါသော
​မောင်တော် ထန်းရှီလေး... ရှင်သာ ​ခေါက်ဆွဲလေး​တွေဖြစ်မယ်
ဆိုရင် ကျွန်မက ရှင့်ကို အကြင်နာ
တွေနဲ့ အရည်ဖျော်ပေးမဲ့​ ​ရေနွေး
​လေးပေါ့။ ရှင်သာ ​ဟောဒီက
​ကောင်းကင်ကြီး ဖြစ်ခဲ့မယ်ဆို
ကျွန်မက ရှင့်ကို အလှဆင်ပေးမဲ့ တိမ်တိုက်လေး ဖြစ်ပါရစေနော်။
ရှင်သာ ​တောက်ပတဲ့ ကြယ်ပွင့်
​လေးများ ဖြစ်ခဲ့ရင် ကျွန်မ က
ရှင့်အတွက် လမင်းကြီး ဖြစ်ပေး
မှာပါ။ကျွန်မ ရှင့်ကို လည်း
ချစ်ပါတယ်။ဒါကြောင့် လက်ထပ်ပွဲ
ကို ပြန်ပြီး စဉ်းစားပေးပါနော်"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now