Chapter 45.2

394 83 3
                                    

"ဇနီးလေးရေ...ကိုယ် တကယ်ပဲ အချစ်သီချင်းလေးတစ်ပုဒ် ဆိုလိုက်ချင်တယ်"

[Guild] ဒီအရှင်မင်းကြီး: "Yo~~~ထန်းရှီလေးပါလား, မင်းonlineဖြစ်ပြီပေါ့~"

[Guild] ထန်းရှီ: "နေပါအုံး, မင်းက ငါတို့ဂိုဏ်းထဲ ဘာလို့ရောက်နေတာလဲ"

[Guild] ဒီအရှင်မင်းကြီး: "ငါတင်မကဘူး။ Ranzhiထဲက levelမြင့်accountတွေ အကုန်လုံး ဒီကိုရောက်နေကြတာ"

ထန်းရှောင် သူမတို့ဂိုဏ်းရဲ့အဖွဲ့သားစာရင်းကို စစ်ကြည့်လိုက်တဲ့အခါမှာ Ranzhiဂိုဏ်းသားတစ်ဝက်လောက်က MengHu Clanကို လာjoinထားကြတာကို တွေ့လိုက်ရတယ်။

[Guild] ထန်းရှီ: "....မင်းတို့ဂိုဏ်း...နောက်ဆုံးတော့ ပြိုကွဲသွားပြီပေါ့! အမှောင်ထဲမှာ အလင်းမြင်လိုက်ရလို့ ငါတို့ဂိုဏ်းထဲ ဝင်လာတာ အကောင်းဆုံးဆိုပြီး ဆုံးဖြတ်လိုက်ကြတာလား?"

[Guild] ဒီအရှင်မင်းကြီး: "ထွီ!!! ငါတို့ ဒီကို မိုင်ပေါင်းများစွာ ဖြတ်သန်းပြီး ရောက်လာတာ မင်းတို့MengHuကို ကူပေးပြီး တားမြစ်မြို့တော်ကကောင်တွေကို ဖင်ပိတ်ကန်ဖို့ပဲ"

ဂိုဏ်းကနေ ထွက်လိုက်တယ်ဆိုရင် မူလမိခင်ဂိုဏ်းကနေ ထောက်ပံ့ပေးထားတဲ့ အရာတွေကို ထက်ဝက်လျှော့ချပစ်ခံလိုက်ရမှာဖြစ်တယ်။

နောက်ပိုင်းမှာ Level မြင့် accountတွေအနေနဲ့ သူတို့ရဲ့ခိုင်ခံ့သန်မာတဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီးစွမ်းအားမြင့်လာဖို့ဆိုရင် မိခင်ဂိုဏ်းရဲ့ပံ့ပိုးပေးမှုတွေအပေါ်မှာ အများကြီးမူတည်နေတာဖြစ်တယ်။

အခုအချိန်မှာ Ranzhiသားတစ်ဝက်လောက်က သူတို့ရဲ့မိခင်ဂိုဏ်းကနေ ထွက်ပြီး MengHuထဲ လာပေါင်းတယ်ဆိုတာကို သူမတို့ ရင်မထိသွားဘူးလို့ပြောရင်တော့ အလိမ်အညာပင်ဖြစ်လိမ့်မည်။

ဂိုဏ်းတိုက်ပွဲက ည၉နာရီမှာ စတင်မှာဖြစ်တယ်။

စည်းကမ်းနဲ့အညီ သေချာသတ်မှတ်ထားတဲ့ တရားဝင်guild battleပွဲ ဖြစ်တာကြောင့် သူမတို့အရင်က တိုက်ခဲ့သလို ပရမ်းပတာပွဲတွေနဲ့တော့ တခြားစီပင်။

ဒီတစ်ကြိမ်မှာ systemကနေ သူတို့ကို random questတစ်ခု ချပေးမှာဖြစ်ပြီး ဂိုဏ်းနှစ်ခုက ပြီးမြောက်ဖို့ရာ ပြိုင်ဆိုင်ကြရမှာဖြစ်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now