Chapter 53

412 79 2
                                    

"မူချောင် ဘယ်နှမိနစ်လောက်ထိ ကြာနိုင်လဲ"

ထန်းရှောင်ဘေးနားမှာ အနည်းနဲ့အများတော့ တစ်နေရာရာမှာ လွတ်နေတဲ့သူတွေချည်း စုဝေးနေတယ်လို့ မူချောင် ခံစားရတယ်။

ရှောင်လင်က အဖွဲ့မှူးနင်ကို ဖုန်းဆက်ပြီး အတင်းချနေကာ သူမပါးစပ်ကနေလည်း 'ဘယ်နှမိနစ်လောက်ပဲ ကြာတယ်'၊ 'အိုးမိုင်ဂေါ့'၊ 'ဘယ်နှမိနစ်လောက်ပဲ'ဆိုတာကို ဆက်တိုက်ကျယ်လောင်စွာ ရွတ်နေကာ ဟိုတယ်တစ်ထပ်လုံးနီးပါး ထိုဘယ်နှမိနစ်လောက်ပဲဆိုတာချည်း ပဲ့တင်ထပ်နေတယ်။

သူ့ခေါင်းတောင် စကိုက်လာပြီ။

ထန်းရှောင်ရဲ့အခန်းရှေ့ကနေ ထွက်ဖို့အလုပ်မှာပဲ အတွင်းထဲကနေ ဝရုန်းသုန်းကား အသံတစ်သံကြားလိုက်ရတယ်။

ထန်းရှောင် ဘယ်လိုလုပ် ကုတင်ပေါ်နေ လိမ့်ကျပြီး မြေကြီးပေါ် မျက်နှာစိုက်နေလဲဆိုတာ သူတကယ်မသိဘူး။

မူချောင် ဝင်လာတာကို မြင်တော့ သူမရဲ့မျက်လုံးတွေက ပြူးကျယ်ဝိုင်းစက်လာကာ ဒါ အိပ်မက်လား တကယ်လားဆိုတာ သူမမပြောနိုင်ပေ။

"ကျွန်မကိုယ်ကျွန်မ ပြင်ဆင်ပြီးပြီ! ကမ်းခ်မွန် လာလိုက်တော့!"

မူချောင်မှာ ရယ်ရမလား ငိုရမလားမသိတော့။

အသံကျယ်ကြီးနဲ့ ပြောပြီးနောက်မှာ ထန်းရှောင် ထပ်ပြီး အိပ်ပျော်သွားပြန်လေပြီ။ Slipperဖိနပ်ပေါ်မှာ ခေါင်းအုံးပြီးတရေးရနေကာ နှုတ်ခမ်းနဲ့တောင် မိတ်ဆက်လုနီးပါးပင်။

မူချောင် မနေနိုင်စွာ သက်ပြင်းချလိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့ ပစ္စည်းတွေကို အိပ်ရာဘေး စားပွဲပေါ်တင်လိုက်ပြီး မှောက်လျက်အိပ်နေတဲ့ သူမကို အတည့်လှန်လိုက်တယ်။

လက်တစ်ဖက်က သူမရဲ့လက်မောင်းကို ဆုပ်ကိုင်ပွေ့လိုက်ပြီး ကျန်တစ်ဖက်က သူမရဲ့ခါးအောက်ကို လက်လျှိုသွင်းလိုက်တယ်။

သတိခဏလွတ်သွားတဲ့ အချိန်အခိုက်အတန့်လေးတစ်ခုမှာ သူ့လက်မောင်းက နူးညံ့နွေးထွေးနေတဲ့ တစ်စုံတစ်ခုကို မတော်တဆနဲ့ ပွတ်တိုက်ထိတွေ့မိသွားကာ သူ့တစ်ကိုယ်လုံး အေးခဲသွားတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now