Chapter 42.2

377 74 5
                                    

"ဖာခ့်***နင့်အမေက လေပေါ်ပျံနေပြီ "

ထန်းရှောင် ဂိမ်းထဲ ရောက်သွားတဲ့အချိန်မှာ, သူမ နောက်ဆုံးတစ်ကြိမ်တုန်းက အေးခဲပြီး frozeဖြစ်သွားတဲ့အကြောင်းကို GMဆီ မပြောရသေးတာကို သတိရသွားတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ လူတိုင်းရဲ့အခြေအနေလက္ခဏာတွေအကုန်လုံးက တူညီနေကြကာ အကုန်လုံးမှာ အေးခဲပြီး ရပ်တန့်နေတော့လေတယ်။

Customer Service Linesတွေကလည်း ဂိမ်းထဲကို ဆက်တိုက်ဝင်လာကြတဲ့ ကစားသမားတွေကြောင့် ပေါက်ကွဲလုမတတ် အလုပ်ရှုပ်နေကြတယ်။

[World] ဒီအရှင်မင်းကြီး: "မင်းအမေ$&*ပဲဟေ့! သောက်ကျိုးနည်းဂိမ်း! မင်း ပိုပြီး ပေါ်ပြူလာဖြစ် သောက်ကျိုးနည်း နံမည်ကြီးလာဖို့ မျှော်လင့်ပါတယ်! သောက်ကျိုးနည်း! တကယ့်ကို သောက်ကျိုးနည်းဂိမ်း!"

[World] ပေါက်စီတားမြစ်နယ်မြေ: "ငါ့accountကို ရောင်းပစ်တော့မှာ! နောက်ထပ် မဆော့တော့ဘူး! ငါ့ရဲ့လက်နက်ပစ္စည်းတွေရော ပိုင်ဆိုင်သမျှပါ အကုန်ရောင်းပစ်မှာတော့! တရုတ်ပြည်ရဲ့အကြီးမားဆုံးဂိမ်းတဲ့လား သောက်တလွဲဂိမ်းSpirit Roadက မကြာတော့ ပိတ်ခံရတော့မှာ။ စောင်တလွဲတွေလုပ်ပုံက လက်နက်ပစ္စည်းတွေလည်းမပေး ဂိမ်းလိုင်းတွေရော စည်းမျဉ်းတွေရော ဆော့တဲ့နည်းတွေပါအကုန် ကြုံရာခွေးသေးပန်းလို ပြောင်းပြီး လျှောက်လုပ်နေတာ တကယ့်ဆရာသမားကြီးတွေတောင် အိမ်ပြန်အိပ်ကုန်ကြပြီ။ ငါတို့ကတော့ ဒီပုံစံနဲ့ဆို မဆော့နိုင်တော့ဘူး။ ငါ့accountကိုပဲ ရောင်းပစ်လိုက်တော့မယ်။ ပုံမှန်ဆို ငါ့accountက သောင်းချီတန်တာ ဒါပေမဲ့ အခုတော့ ငါးပြားပဲတန်တော့တယ်။ ငါးပြားနဲ့ပဲ ငါရောင်းတော့မယ်ဟေ့! Game developerတွေ မင်းတို့လူမဟုတ်တဲ့ကောင်တွေ! ငါတို့ကို လက်နက်ပစ္စည်းတွေ လုံလုံလောက်လောက်မပေးတာနဲ့ကို တော်သင့်နေပြီကို အခု လူတိုင်းကို သောက်ကျိုးနည်း အားနည်းတဲ့ငစနူတွေ ဖြစ်အောင် ပုံသွင်းနေကြတာလား"

[World] ထန်းရှီ:.....

"အရင်ဆုံး မင်းက GMဆီ reportတင်ထားလိုက်" မူချောင်က သူမကို သတိပေးလိုက်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now