Chapter 54

376 72 6
                                    

"ဖွင့်ပြောခြင်း,ဖွင့်ပြောခြင်း, ဖွင့်ပြောခြင်း"

"အဖွဲ့မှူးနင်ကို စိတ်ပျက်စေမိတာတော့ တကယ်စိတ်မကောင်းဘူး။ ဒါပေမဲ့ ငါ့မှာ သဘောကျနေတဲ့သူ ရှိပြီးသားမို့ပါ" မူချောင့်ရဲ့မျက်လုံးတွေက ရယ်မြူးရိပ်အပြည့်နဲ့ ကြယ်တွေလိုမျိုး တလက်လက်တောက်ပနေတယ်။

ထန်းရှောင် ချက်ချင်း အေးခဲသွားတယ်။

သူမရဲ့စိတ်က မိနစ်အနည်းငယ်ကြာတဲ့အထိ မှောင်အတိကျသွားကာ ဗလာကျင်းသွားတယ်။

သူမ ပထမဆုံးတွေးလိုက်တာက "စုပိုင်"။

မူချောင်က အချိန်အကြာကြီး သရုပ်ဆောင်လောကထဲ ရှိနေခဲ့တာ ပြီးတော့ စုပိုင်နဲ့လည်း အရင်က ကောလဟလတွေ ရှိခဲ့တာပဲ။

ဒါတွေကို တွေးကြည့်လိုက်တော့ ရှောင်လင်ရဲ့ နောက်မျက်စိက တကယ်ကန်းနေတယ်ဆိုတာ သက်သေပြလိုက်သလိုပဲ။ မူချောင်မှာ အစောကြီးကတည်းက သူကြိုက်နေတဲ့သူရှိပြီးသား။

ထန်းရှောင် တုန်လှုပ်ခြောက်ခြားသွားပြီး လေထုကလည်း အောင့်သက်သက်နဲ့ အနေရခက်သွားသလိုမျိုး ခံစားနေရတယ်။

ထိုအချိန်မှာပဲ အဖွဲ့မှူးနင်ဆီက ဖုန်းဝင်လာတယ်။

"ဟိုလေ...အဲဒါ ကျွန်မ ဖုန်းဖြေလိုက်အုံးမယ်နော်"
ထန်းရှောင် ဖုန်းကို ဆွဲယူလိုက်ပြီး လက်ထဲ ကြပ်ကြပ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။

မူချောင် ပြန်ပြောတာတောင် စောင့်မနေတော့ဘဲ အခန်းထဲကနေ ပြေးထွက်လာခဲ့တယ်။

သူမရဲ့ ခေါင်းထဲမှာ မူချောင် ပြောလိုက်တဲ့ စကားကိုပဲ ထပ်ခါထပ်ခါ ကြားနေရတယ်။
"ငါ့မှာ သဘောကျနေတဲ့သူရှိတယ်"

သူမကိုယ်သူမ စိတ်အေးသွားအောင် လုပ်လိုက်တယ်။ တော်သေးတာ သူသဘောကျနေတဲ့သူက ဘယ်သူလဲဆိုတာ သူမ မမေးခဲ့လို့။

မဟုတ်ရင် သူတို့ကို အသေလိုက်သတ်မိမှာ သေချာတယ်။

အဖွဲ့မှူးနင်ရဲ့ အသံက ဖုန်းထဲကနေ ထွက်လာတယ်,
"ရှောင်လင့်ဆီက ကြားတယ်။ မင်း ဖွင့်ပြောတော့မလိုဆို? ဘယ်သူသိမှာလဲ မူချောင်က မင်းကို ငြင်းဖို့စောင့်ရင်စောင့်နေမှာ"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now