Chapter 47.1

324 65 1
                                    

"သဘောကျလွန်သွားတဲ့ fanက အလိုအလျောက်Anti-fan ဖြစ်လာတယ် "


ဖျော်ဖြေရေးလောကမှာတော့ အတင်းအဖျင်းသတင်းတွေဆိုတာ အမြဲလိုလို တစ်ဝက်က မှန်ကန်ပြီး ကျန်တဲ့တစ်ဝက်ကတော့ လုပ်ကြံပြောဆိုထားကြတာတွေသာ ဖြစ်တယ်။

ထန်းရှောင်ရဲ့ လက်ရှိအခြေအနေကတော့ မယုံကြည်နိုင်လောက်စရာကို မှောင်မိုက်လို့နေတယ်။

သူမက gamerတစ်ယောက် ဖြစ်နေတယ်ဆိုတာ ဖော်ထုတ်ခံလိုက်ရရုံသာမက လက်ရှိမှာတော့ လူတိုင်းက သူမကို ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်နေကြပြီး အောက်ဆုံးထိ လဲကျသွားအောင် အဓိပ္ပာယ်မရှိတဲ့ အတင်းအဖျင်းတွေ လွှင့်နေကြတယ်။

သူမကို ဆဲဆိုနေကြတဲ့လူတွေကို ကြည့်ပြီး ထန်းရှောင် အနည်းငယ်အဆင်မပြေဖြစ်လာတယ်။

"ကျွန်မ အခုဘာလုပ်ရမလဲ?"

"ငါဖြေရှင်းလိုက်မယ်" အဖွဲ့မှူးနင်က ပြောလိုက်တယ်။
"အခုကစပြီး, မင်းကို internetသုံးခွင့် ပိတ်လိုက်ပြီ"

"ဘယ်လို! မဟုတ်သေးပါဘူး, ကျွန်မ အခုတလောမှ မူချောင် သရုပ်ဆောင်ထားတာတွေကို ပြန်ကြည့်ပြီး လေ့လာသင်ယူနေတုန်းပဲ ရှိသေးတာ, အခုလို အင်တာနက် ဖြတ်လိုက်တော့ ကျွန်မက ဘာလုပ်ရမှာလဲ?"
အဖွဲ့မှူးနင်ရဲ့စကားကြောင့် ထန်းရှောင်ထိတ်လန့်သွားတယ်။

အဖွဲ့မှူးနင်က ထန်းရှောင်ကို သူမအကြောင်းနပ်နေပြီ ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ကာ,
"မင်းသမီးနေရာမှာ မင်းကိုယ်မင်းထားပြီး စိတ်ကူးယဉ်နေပြန်ပြီလား? စိတ်ကူးအယဉ်လွန်တာကလည်း ရောဂါတစ်မျိုးပဲ။ အများကြီးကြည့်မနေနဲ့, မင်းအသည်းလဲ ပေါက်ထွက်သွားအုံးမယ်"

ထန်းရှောင်: .....ရှင့်အသည်းသာ ပေါက်ထွက်မှာ!!!

"လောလောဆယ်,ဘာဂိမ်းမှ ထပ်မဆော့နဲ့တော့"

အဖွဲ့မှူးနင်က ထန်းရှောင်ရဲ့လငပုတ်ဖမ်းထားသလို မကြည်မသာမျက်နှာကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်တယ်။
"အွန်လိုင်းပေါ်က ပြောနေကြတာတွေကိုကြည့်ပြီး အများကြီး စိုးရိမ်မနေနဲ့, သိပ်မကြာခင် အသံတိတ်သွားလိမ့်မယ်"

ထန်းရှောင် စိတ်ထဲကနေ အသံတိတ် အဖွဲ့မှူးနင်ကို အပြစ်တင်လိုက်တယ်။
သူမနှလုံးသားလေး နာကျင်နေရတာ တခြားကြောင့်မဟုတ်ဘူး သူမရဲ့ ဂိမ်းaccountလေး ပါသွားလို့လေ!

ဒီအတောအတွင်း စုဆောင်းခဲ့သမျှ လက်နက်ပစ္စည်းတွေလည်း အကုန်သွားပြီ!!

သူမရဲ့ကျောက်မျက်ရတနာတုံးတွေရော!!

ဖာခ့်*** အဲ့သောက်ကျိုးနည်း ဟက်ကာကောင်ကတော့!!

အဖွဲ့မှူးနင်က ခဏလောက်နေပေးပြီးနောက်မှာ ရှောင်လင့်ကို ခေါ်ပြီး ပြန်သွားတယ်။

ထန်းရှောင်မှာ တစ်ယောက်မှမရှိဘဲ လစ်ဟာသွားတဲ့အခန်းကို ကြည့်ပြီး အခုမှ လွတ်လပ်စွာ ငိုချင်းချမိတော့မလိုပင်။

ဂျူလိုင်(နတ်ပြည်က ဘိုးအေကြီး)က မနက်စောစောမှာပဲ သူမဘယ်လိုနေလဲဆိုတာ မက်ဆေ့ချ်တွေ အများကြီးပို့ပြီး သတင်းမေးလာတယ်။

ထန်းရှောင် ပြန်ဖြေလိုက်တယ်။
"ငါအဆင်ပြေပါတယ်"

Tiebaမှာတော့ သတင်းအသစ်တွေက ဆက်တိုက်တက်နေကာ, ထိုပို့စ်တွေအောက်မှာ replyပြန်နေကြတဲ့ ဂိမ်းထဲက ရင်းနှီးနေတဲ့IDတစ်ချို့လည်း ရှိနေကြတယ်။

ဟိုးအရင်အတိတ်တုန်းက ထန်းရှောင်တစ်ယောက် လိုင်းပေါ်ရောက်တာနဲ့ တွေ့သမျှ မိန်းကလေးတိုင်းကို ဖွန်လိုက်ကြောင်ခဲ့တာကြောင့် လက်ရှိမှာ လူတွေသတင်းဖြန့်နေကြတာ သူမက လိင်တူချစ်သူတစ်ယောက်တဲ့။

ထန်းရှောင် ငိုရမလား ရယ်ရမလားတောင် မသိပေ။

သတင်းခေါင်းစဉ်တစ်ခုကဆို ပိုပြီးတောင် ပြင်းထန်လိုက်သေးတယ်....
ထန်းရှောင်က တကယ်ပဲ လိင်ပြောင်းထားသူလားဆိုတာ ငါသံသယဝင်နေပြီ!

ထန်းရှောင် ထိုခေါင်းစဉ်ကို clickနှိပ်ကြည့်လိုက်ကာ, အထဲမှာတော့ text messageတွေ အများကြီးနဲ့ ဓာတ်ပုံတွေပြည့်လို့နေတယ်။

မူလပုံကတော့ သူမ ဂိမ်းဆော့တုန်းက world channel chatထဲမှာ ပို့ထားတာကို screenshotရိုက်ထားတဲ့ ပုံဖြစ်တယ်။

[World] ထန်းရှီ: "ဖြတ်ပစ်လိုက်စမ်းပါ။ အဲဒါကို ဖြုတ်ပြီး ပြန်တပ်လို့ရတာ ခေတ်စားနေတာ။ စုမူကျိနဲ့ ငါ့ဟာလိုပေါ့။ ငါမအိပ်ခင် အဲဒါကို ဖြုတ်ထားလိုက်ပြီး ငါ့ခေါင်းအုံးဘေး ချထားလိုက်တယ်လေ။ အဲလိုဆို ငါအိပ်ရာကနိုးရင် အလွယ်တကူ ပြန်တပ်လို့ရတယ်"

ထိုScreenshotကို တင်ထားတဲ့သူက ခပ်တည်တည်နဲ့ ပေါက်ကရတွေ ဆက်တိုက်ပြောတော့တယ်။
"ထန်းရှောင်ပြောတာ သူမမှာ တပ်လိုက်ချွတ်လိုက် လုပ်လို့ရတဲ့ ခေါင်းလောင်းရှိတယ်တဲ့! ဒါက ဘာကို ဆိုလိုတာလဲ! အဓိပ္ပာယ်က သူမရဲ့ခေါင်းလောင်းကို ဖြုတ်ထားတယ်လို့ ပြောချင်တာပဲ! ဒီတော့ သူမက လိင်ပြောင်းထားတဲ့သူပဲ!"

ဖာခ့်***မူလီချောင်နေတာလားဟ!!

ထန်းရှောင် မျက်နှာသေနဲ့ ထိုပို့စ်ကို ပိတ်ချလိုက်တယ်။

သူမရဲ့ခေါင်းလောင်းက ကမ္ဘာကြီးကို ဟန်ချက်ညီအောင် ထိန်းထားပေးနိုင်တယ်လို့ အဲ့တုန်းက သူမပြောလိုက်သင့်တာ။

ဒါဆိုရင် အခုနေ လူတွေက လိုင်းပေါ်မှာ သူမက Archimedes ပြန်လည်ဝင်စားတယ်တဲ့သူလို့တောင် ပြောကြမလားဘဲ။

သူမအကြောင်း အဲ့လောက်သောက်တင်းချချင်နေကြရင်လည်း ခိုင်မာပြီးသင့်တော်တဲ့ သက်သေတွေနဲ့ ချပြသင့်တာမဟုတ်ဘူးလား?

ရုတ်တရတ်ဆိုသလို, အပြင်ကနေ သူမတိုက်ခန်းရဲ့အခန်းတံခါးကို ဆွဲဖွင့်ခံလိုက်တယ်။

ထန်းရှောင်က လက်ရှိမှာ ဆိုဖာပေါ်မှီထိုင်နေရင်း ဝင်ပေါက်ဘက်ကို မျက်နှာမူထားတာဖြစ်တယ်။

ပထမဆုံး သူမအတွေးထဲမှာ ပေါ်လာတာက, အဲ့ငကြောင်hackerကောင်က အခုချက်ချင်းကို သူမရဲ့ပြင်ပဘဝက အိမ်ထဲကိုပါ ခိုးဝင်လာတာလား!

ထိုအချိန်မှာ တံခါးပွင့်သွားတာနဲ့ ရုတ်တရတ် သူမမြင်လိုက်ရတာ Hမြို့မှာ ရိုက်ကူးရေးလုပ်နေရမဲ့ မူချောင်က မျက်နှာမှာ နေကာမျက်မှန်တပ်ထားပြီး သူမရဲ့အခန်းရှေ့ရောက်နေတာကိုပဲ။

ထန်းရှောင် ကြောင်အသွားတယ်။

"တံခါးဖွင့်လိုက်တာနဲ့ မင်း ငါ့ကို လာပြေးဖက်မယ်လို့ ထင်ထားတာ"
မူချောင်က မျက်နှာကို ဖုံးကွယ်ထားတဲ့ maskနဲ့ နေကာမျက်မှန်တို့ကို ချွတ်လိုက်ပြီး သူမကို နူးညံ့စွာပြုံးပြနေတယ်။

".....ကျွန်မပဲ သရဲမြင်နေရတာလား ဒါမှမဟုတ် ရှင်ပဲ သရဲဖြစ်သွားတာလား"
ထန်းရှောင်မှာ ရှောခ့်ရနေတုန်းပင်။

မနက်ခင်းစောစောမှာ မူချောင်က သူမအိမ်တံခါးကို ဆွဲဖွင့်လာပြီး, သူ့လက်မောင်းတွေကို ဆန့်တန်းရင်း ကိုယ့်ကို လာဖက်လှည့်လေလို့ ပြောနေတယ်မဟုတ်ပါလား။

သူမ လုံးဝကို အံ့ဩသင့်နေတယ်။

မူချောင်မှာ နှလုံးသားထဲ နာကျင်လုနီးပါး ဖြစ်သွားကာ, အကြည့်တွေနဲ့ သူမကို ထပ်ပြောလိုက်တယ်။

ထန်းရှောင် ခဏ တွေဝေသွားပြီးနောက် သူ့ဆီကို ချက်ချင်းပြေးဝင်သွားလိုက်တယ်။

ဒါက ဘယ်လောက်တောင် ရခဲလိုက်တဲ့ အခွင့်အရေးမလို့လဲ, သူမ ဘယ်လိုလုပ်ပြီး သူ့ရဲ့တို့ဖူးအနည်းငယ်လောက်ကို မမြည်စမ်းနိုင်ရမှာလဲ, ဒါနဲ့ဆို သူမရဲ့နံရံမှာ ကပ်ထားတဲ့ မူချောင့်ရဲ့ပိုစတာတွေကိုတောင် ဖြုတ်ချပစ်လို့ရနေပြီ။

ဒီတော့ သူက သရဲဖြစ်နေရင်လဲ ဘာဖြစ်လဲ, ဒီတို့ဖူးခန္ဓာကိုယ်က မူချောင့်ဟာဖြစ်နေသရွေ့, သူမ စိတ်ကျေနပ်ပြီးသား။

ထန်းရှောင် သူ့ကို ခပ်ဖွဖွပြန်ဖက်လိုက်ကာ, အနေရခက်မှုကို ရှောင်ရှားရန် ခဏအတွင်းမှာပဲ နှစ်ယောက်သား ပူးကပ်နေရာကနေ ဆွဲခွာလိုက်တယ်။

ဒါပေမဲ့ မူချောင်က သူမကို ဖက်ထားတဲ့ လက်မောင်းတွေကို တင်းကြပ်ပစ်လိုက်တယ်။

လက်တစ်ဖက်က သူမရဲ့ခေါင်းကို ထိန်းကိုင်ထားပြီး ကျန်တစ်ဖက်က သူမရဲ့နောက်ကျောပေါ် ခပ်ဖွဖွတင်ထားလိုက်တယ်။ ဒါက တစ်စုံတစ်ယောက်ကို နှစ်သိမ့်အားပေးတဲ့ ပွေ့ဖက်မှုမျိုးပင်။

ထန်းရှောင်က အမျိုးသမီးအနုပညာရှင်တွေရဲ့ ပျမ်းမျှအရပ်ထက်ကို အနည်းငယ်ပိုရှည်တဲ့အထဲပါပေမဲ့ လက်ရှိမှာ သူမက မူချောင်ရဲ့ရင်အုပ်နားမှာသာ ရှိတယ်။

မူချောင်ရဲ့လက်တွေက သူမရဲ့ဆံပင်ကို ပွတ်သပ်ပေးနေတယ်။

ဒါသေချာပေါက် မူချောင့်ကို သရဲဝင်စီးထားတာ နေမှာ!

"....မူချောင်...ဟွာလေ...ရှင် ဒီလိုမျိုး လုပ်ပေးဖို့...မလို..."

ထန်းရှောင်မှာ မူချောင်ရဲ့အပြုအမူတွေကြောင့် အိုးတို့အမ်းတန်း ဖြစ်နေရင်းမှ ရုတ်တရတ်ဆိုသလို ကြက်ကန်းဆန်အိုးတိုးသွားတဲ့ မိမိရဲ့အခြေအနေကို ကံကောင်းသလို ခံစားမိလိုက်ကာ ချက်ချင်းစကားပြောင်းလိုက်တော့တယ်။
"ဒါဆိုလည်း ရှင့်ရဲ့အသားခန္ဓာကိုယ်ကို သုံးပြီး ကျွန်မကို နှစ်သိမ့်ပေး"

ရှင်ရဲ့တို့ဖူးတွေနဲ့ ပြည့်နေတဲ့ ခန္ဓာကိုယ်ကို အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ဒီထက်ပိုပြီး ကြမ်းတမ်းပေးပါ! ကျေးဇူးပဲ!

ထန်းရှောင်ရဲ့ စကားကြောင့် မူချောင်မှာ အေးခဲသွားကာ, သူမရဲ့ပါးနှစ်ဖက်ကို ဆွဲညစ်လိုက်ပြီး သူမရဲ့ဆံပင်တွေကို နောက်ထပ် နူးညံ့စွာပွတ်သပ်ပေးလိုက်တယ်။

ရေချိုးပြီးကာစလို သန့်ရှင်းလတ်ဆတ်နေတဲ့ မူချောင့်ရဲ့ကိုယ်သင်းရနံကို ရူရှိုက်မိရင်း ထန်းရှောင် အနည်းငယ်စိတ်တိုမိသွားကာ သူမပါးစပ်ကနေ မသဲမကွဲရေရွတ်လိုက်တယ်။
"ရှင်သာ ကျွန်မကို ဒီလိုမျိုးလာနှစ်သိမ့်ပေးမယ်မှန်းသိရင် အစောကြီးကတည်းက ရေချိုးထားလိုက်ပါတယ်"

သူမရဲ့ဆံပင်တွေကို ပွတ်သပ်ပေးနေတဲ့ မူချောင့်လက်က ရပ်တန့်သွားကာ မနေနိုင်စွာပြောလိုက်တယ်။
"ဒီလိုအချိန်မှာတောင် မင်းကနောက်နိုင်သေးတယ်နော်"

ထန်းရှောင် သူမခေါင်းက ဆံပင်တချို့ကို တိတ်တိတ်လေးဆွဲနှုတ်လိုက်ပြီး အနံ့ခံကြည့်လိုက်တယ်။

တော်သေးတယ်, အနံ့မနံဘူး။

ထန်းရှောင်ဆိုသည်မှာ အိမ်မှာနေရင်း ဂိမ်းဆော့တဲ့အခါမျိုးဆို နေ့ညအချိန်မှားကာ နာရီလက်တံအချိန်ဘာညာကိုတောင် မသိတဲ့လူမျိုးဖြစ်တယ်။

သူမနိုးလာတဲ့အချိန်ဆို အဲဒါက နေ့ပဲ။ သူမအိပ်မောကျသွားပြီဆို အဲဒါက ညပဲ။

သူမကို နှောင့်ယှက်မဲ့သူတစ်ယောက်မှ မရှိတဲ့အပြင် သူမကိုယ်သူမတောင် ဂရုစိုက်ရမှာ ပျင်းလွန်းတာကြောင့် သူမရဲ့ခေါင်းက ငှက်သိုက်လိုဖြစ်နေတတ်သည်ပင်။

မူချောင်က ထန်းရှောင်ရဲ့ဆံပင်တွေကို ပွတ်သပ်နေရင်း သူမရဲ့ရှုပ်ထွေးနေတဲ့ ဆံနွယ်ချောင်းတွေကို ပြေလျော့သွားအောင် လုပ်ပေးလိုက်တယ်။

"ရှင်ဘာလို့ ရောက်လာတာလဲ?"

မူချောင်က သူမ စောနက ပြောလိုက်တဲ့စကားလုံးတွေအတိုင်း ပြန်ပြောလိုက်တယ်။
"ငါ့ရဲ့အသားခန္ဓာကိုယ်ကို လာပေးတာလေ"

ထန်းရှောင်:.....တကယ်ကြီးလား! ဒါဆိုလည်း သေချာလုပ်! ရှင့်ရဲ့အတွင်းဝတ်တွေကိုပါ ချွတ်လိုက်! ကျွန်မရဲ့မျက်နှာကိုလည်း မလိုချင်တော့ဘူး, ဒီတော့ ကျွန်မရဲ့ကိုယ်ကျင့်တရားတွေကို ဘာလုပ်ဖို့ လိုအပ်နေမှာလဲ!

"လာမစနဲ့တော့။ ရှင် ရိုက်ကူးရေးလုပ်ရမဲ့အခန်းတွေ ရှိသေးတယ်မလား?"

မူချောင်က မျက်ခုံးကြောနှစ်ဖက်ကို ဆွဲပွတ်လိုက်ပြီး,
"ဒါရိုက်တာချောင်ဆီ တစ်ရက်နားဖို့ ခွင့်တောင်းထားတယ်။ အဖွဲ့မှူးနင်ရော လာသွားပြီလား?"

မူချောင်က မနေ့ကနဲ့ ဒီနေ့မနက်အစောကြီးအထိ ရိုက်ကူးခဲ့ပြီး တစ်ရက်တည်းနဲ့ သူ့အခန်းတွေကို ပြီးအောင်ရိုက်နိုင်ဖို့ နောက်တစ်နေ့မနက်အထိ အစောကြီးထကာ ရိုက်ကူးခဲ့တာဖြစ်တယ်။

လိုင်းပေါ်က သတင်းတွေကို ကြားရပြီး ထန်းရှောင်ကို လာတွေ့နိုင်ဖို့အတွက် ရိုက်ကူးရေးကို ဆက်တိုက်လုပ်ကာ အနားတောင်မယူနိုင်ခဲ့ပေ။

သူ မထွက်လာခင်မှာပဲ အဖွဲ့မှူးနင်လည်း အလျင်စလိုပြန်သွားမှန်း သိလိုက်ရတယ်။

အဖွဲ့မှူးနင် ရောက်လာပြီးသွားပြီဆိုတော့ ထန်းရှောင်အတွက် ကြီးကြီးမားမားပြဿနာတွေတော့ မဖြစ်နိုင်လောက်တော့ဘူး။

ဒါပေမဲ့ သူမရဲ့အခန်းတံခါးရှေ့ရောက်သွားတဲ့ အချိန်မှာပဲ သူသတိပြုမိသွားတာ ဒါက သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့ ရိုက်ကူးရေးကို အနားယူလိုက်တဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်ဆိုတာပဲ။

ထန်းရှောင်တိုက်ခန်းရဲ့ ဝင်ပေါက်တံခါးက သူ့ဘဝမှာ သူ့နှလုံးသားထဲထိ အနှောင့်အယှက်ပေးနိုင်တဲ့ အရာဖြစ်လာလိမ့်မယ်လို့ မူချောင်မထင်ထားခဲ့ပေ။

****

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now