Chapter 46

373 82 1
                                    

"သဘောကျလွန်းသွားတဲ့ fanက အလိုအလျောက် Anti-fan ဖြစ်လာတယ်"

တားမြစ်မြို့တော်ဂိုဏ်းခေါင်းဆောင်ရဲ့ လက်နက်က တကယ့်ကို လူချမ်းသာတွေရဲ့ အရှိန်အာဝါသအပြည့်နဲ့ပင်​။

ထန်းရှောင် ထိုပစ္စည်းကို သေချာဂရုတစိုက် ကြည့်လိုက်တယ်။

လခွမ်း**** ပစ္စည်းရဲ့အတွင်းထဲမှာ မြုပ်ထားတဲ့ ကျောက်စရစ်ခဲက အစ ဒဏ္ဏာရီလာပစ္စည်းတွေချည်းပါလား။

[World] ထန်းရှီ: "....ငါ ဒါကို ကောက်ခဲ့တာ အခုမှ သတိရတယ်"

[World] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "ဖာခ့်***, မင်းတော့ တကယ့်ကို Jackpotကြီးကို မိလိုက်တာပဲ"

[World] စစ်နတ်ဘုရားရဲ့အမျက်ဒေါသ: "အဲ့ဒါ ငါဟာ။ ငါ ဝန်ခံတယ်။ တိုက်ပွဲတုန်းက ဘယ်ကောင် မ သွားမှန်း မသိလိုက်ဘူး။ မင်း ကြိုက်တဲ့ဈေးပြော"

ထန်းရှောင် အံ့ဩစွာနဲ့ မေးရိုးပြုတ်ကျသွားတယ်။

ဟုတ်ပါပြီ, ဒီကောင်က ချမ်းသာပေမဲ့ အဲလောက်ကြီး တွေးပေးတတ်သေးတယ်လား?

ပုံမှန်လိုဆို လူတွေက သူတို့ရဲ့ပစ္စည်းတွေကို တစ်ယောက်ယောက် ယူသွားမှန်းသိရင် ဒေါသပုန်ထွက် ခုန်ပေါက်ပြီး လက်စားချေဖို့ သူတို့ရဲ့သူငယ်ချင်းကောင်း မိတ်ဖက်တွေကို ခေါ်ချလာကြတာမျိုးတွေ။

ဒါပေမဲ့ ဒီသကောင့်သားကျမှ အရမ်းကို အေးဆေးလို့ပါလား။

အာ....ဒီလူက မျိုးဆက်မှားပြီး မွေးလာတာပဲ။ ဂျပန်တွေကို တော်လှန်ရတဲ့ စစ်အတွင်းခေတ်မှာသာ မွေးလာခဲ့ရင် အန္တရာယ်ကျနေတဲ့အချိန်မှာတောင် မကြောက်ရွံ့လို့ သေချာပေါက်သူရဲကောင်းဘွဲ့ရနေလောက်ပြီ။

[World] စစ်နတ်ဘုရားရဲ့အမျက်ဒေါသ: "ငါ ဒီserverကို ရောက်မလာခင်တုန်းက တခြားserverသားတွေ ပြောတာ ကြားဖူးတယ်။ မင်းက ဖိအားပေးလက်ထပ်ပွဲမျိုးကို သဘောကျတယ်ဆို။ မင်း ပစ္စည်းကို ဈေးမတပ်နိုင်ရင်လည်း, မင်းကို ငါ့ခန္ဓာကိုယ်နဲ့ ပြန်ပေးလို့ရတယ်"

ထန်းရှောင် နောက်ထပ်ရှောခ့်ရသွားတယ်။

သူမ တကယ်ကြီး မေးလိုက်ချင်တာ, စစ်နတ်ဘုရားရဲ့အမျက်ဒေါသက ဒီလက်နက်ပစ္စည်းနဲ့ သူ့လက်ထပ်ပွဲကို လဲလှယ်ဖို့တန်တယ်လို့များ ဘယ်လောက်တောင် ယုံကြည်ချက်တွေရှိနေရတာလဲ?

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now