Chapter 45.1

336 74 2
                                    

"ဇနီးလေးရေ...ကိုယ် တကယ်ပဲ အချစ်သီချင်းလေးတစ်ပုဒ် ဆိုလိုက်ချင်တယ်"

Spirit Roadဂိမ်းအတွက် ကြော်ငြာရိုက်ကူးရေးက တစ်ရက်တာကြာမြင့်မှာဖြစ်တယ်။

ထန်းရှောင်က အထူးသဖြင့် သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ဖော်ပြပံ့ပိုးပေးထားတဲ့ female enchantressဇာတ်ကောင်ပုံစံ ဝတ်ဆင်ခြယ်သထားတယ်။

ရှောင်လင်မှာတော့ ထန်းရှောင်ရဲ့အလှကြီးလှနေတဲ့ ပုံရိပ်ကြောင့် သတိမထားမိလိုက်ပါဘဲ သူမရဲ့ကိုယ်ပိုင်ရင်ဘတ်နေရာလေးကို ငုံ့ကြည့်မိလိုက်ပြီး နှလုံးသားထဲကနေ အင့်ခနဲနာကျင်သွားတယ်။

"မူချောင်က စုပိုင်မဟုတ်ဘဲ နင့်ကိုပဲ သဘောကျနေရတဲ့ အကြောင်းပြချက်ကို ငါနောက်ဆုံးတော့ သိသွားပြီ။ နင့်ပေါက်စီsizeကို မှီဖို့ဆို စုပိုင် ဘယ်လောက်တောင် ရေအိတ်တွေ ထည့်ရမလဲမသိဘူး"

ထန်းရှောင်က သူမရဲ့ရင်ဘတ်ကို အနည်းငယ်ဖုံးဖိပေးထားတဲ့ အဝတ်စကို အသံတိတ် အောက်ဆွဲချလိုက်ကာ,
"အနည်းဆုံးတော့ ငါပိုင်ဆိုင်တာ ဒီရတနာပစ္စည်းနှစ်မျိုးတော့ ရှိသေးတယ်လေ။ ရှောင်လင်, နင်ကရော ဘာလုပ်မှာလဲ? အဖွဲ့မှူးနင်က နင့်ရင်ဘတ်ကို ထိတဲ့အချိန်ဆို သူ့ပစ္စည်းနဲ့ သိပ်မကွာတာကို ခံစားမိနေမှာ"

"ငါ့ကို လာလှောင်မနေနဲ့။ နင်လည်း အစွမ်းအစရှိရင် မူချောင်နဲ့သွားအိပ်လိုက်လေ"

"အောင်မြင်ဖို့အတွက် သော့ချက်သုံးခုပဲရှိတယ်။နံပါတ်၁ ဇွဲရှိဖို့, နံပါတ်၂ အရှက်မရှိဖို့, နံပါတ်၃ အရှက်မရှိတဲ့နေရာမှာ ဇွဲရှိနေဖို့ပဲ။ ဒီတော့ လောလောဆယ်မှာ ငါမအောင်မြင်နိုင်သေးဘူးဆိုတာက ငါလုံလောက်အောင် အရှက်မရှိနိုင်သေးလို့ပဲ"

ရှောင်လင်:.....

သူမတို့နဲ့ မဝေးတဲ့နေရာကနေ မူချောင်က တကိုယ်လုံးကို အဖြူရောင်ဝတ်စုံရှည် ဝတ်ဆင်​ထားပြီး လမ်းလျှောက်လာတယ်။

မူချောင်ရဲ့ပထမဆုံး ဒရာမာကားက ရှေးခေတ်ကားတစ်ကားဖြစ်ကာ ထန်းရှောင်မှာ ထိုကားကို မတော်တဆကြည့်မိရင်းနဲ့ သူ့ကို မြင်မြင်ချင်း ကြွေဆင်းသွားမိတဲ့ ဇာတ်ကားဖြစ်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now