Chapter 38

500 106 13
                                    

"ရှောင်လင် နင် တကယ်သတ္တိရှိတာပဲ "

ထန်းရှောင် ဂိမ်းကစားခြင်းမှာ ပြင်းပြင်းထန်ထန် ဇျာန်မဝင်ခင်တုန်းက သူမရဲ့အချိန်တွေကို ဖျော်ဖြေရေးလောကရဲ့ အတင်းအဖျင်းပေါင်းစုံကို လေ့လာစပ်စုရင်းနဲ့ ကုန်ဆုံးခဲ့တာဖြစ်တယ်။

သူမ Wanyu Media ဆီသွားတဲ့ အချိန်​တိုင်း အတင်းအဖျင်းသတင်းပေါင်းစုံကို ဖလှယ်ဖို့အတွက် အဖွဲ့မှူးနင်ရဲ့အတွင်းရေးမှူးရုံးခန်းထဲကို ပထမဦးဆုံး တန်းတန်းမတ်မတ်နဲ့သွားတယ်။

ဖျော်ဖြေရေးလောကထဲမှာ နံမည်ကြီးတဲ့ အတင်းသတင်းပေါင်းစုံသာမက ဘယ်သူမှမသိနိုင်တဲ့ အတွင်းရေးတွေကိုပါ သူမအကုန်သိတယ်။

ထိုအချိန်တွေတုန်းကဆို ထန်းရှောင်မှာ သတင်းပေါင်းစုံ သိလွန်းနေလို့ တစ်ယောက်ယောက်က သူမကို နှုတ်ပိတ်သွားမှာကိုတောင် ကြောက်ခဲ့ရသေးတယ်။

အဖွဲ့မှူးနင်ရဲ့အတင်းအဖျင်းအကြောင်းကိုလည်း သူမကိုယ်တိုင်ကိုယ်ကျ ကြုံလိုက်ရတယ်။

ထိုအချိန်တုန်းက သူမက ဖျော်ဖြေရေးလောကထဲမှာ တရားဝင်ပွဲဦးမထွက်ရသေးကာ အဖွဲ့မှူးနင်ရဲ့လက်ထောက်အကူအဖြစ်နဲ့ သူ့နောက်ကနေ တစ်ချိန်လုံး လိုက်ရတယ်။

အဖွဲ့မှူးနင် Wanyu Mediaကို လက်လွှဲယူလိုက်တဲ့ အချိန်တုန်းက ကုမ္ပဏီတစ်ခုလုံးက ဗရမ်းဗတာနဲ့ပင်။

အဖွဲ့မှူးနင် လူကိုယ်တိုင်လိုက်လုပ်ရတဲ့ လုပ်ငန်းကိစ္စတွေလည်း အများကြီးရှိခဲ့တယ်။

တစ်နေ့မှာ အနုပညာရှင်တစ်ဦးရဲ့ ကြော်ညာရိုက်ကူးရေးတစ်ခုစီ အဖွဲ့မှူးနင်က သွားရင်း ထန်းရှောင်ကိုပါ ရိုက်ကွင်းကို လေ့လာဖို့ သူနဲ့အတူ ခေါ်သွားတယ်။

ထိုအချိန်မှာ တစ်ဖက်ကြော်ညာကုမ္ပဏီရဲ့ အကြီးအကဲဖြစ်ပုံရတဲ့ တန်ဖိုးကြီးကျားသစ်သားမွေးကုတ်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က အဖွဲ့မှူးနင်ကို မြင်မြင်ချင်း သဘောကျသွားတယ်။

အလွန်ရှောခ့်ရစရာကောင်းတာပဲ!

ထိုအမျိုးသမီးက အဖွဲ့မှူးနင်ကို ရနိုင်ဖို့အတွက် တကယ့်ကို ရိုက်ချက်အပြင်းစား နည်းလမ်းပေါင်းစုံကို အသုံးပြုလေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားDove le storie prendono vita. Scoprilo ora