Chapter 25

465 100 5
                                    

"Wanyu Mediaရဲ့ မိသားစုဝင်
ဖြစ်တာကြောင့်"

"လက်တွေ့ဘဝက တွေ့ဆုံပွဲ"
ဆိုတဲ့ စကားလုံးလေး လေးလုံးက ထန်းရှောင်ကို ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလိုမျိုး ခံစားသွား
ရစေတယ်။

သူမဘဝ အကြောင်းကို ပြန်တွေး
ကြည့်မိတယ်။ ဒီအတောအတွင်း
သူမ အတော်လေးကို လွတ်လပ်
ပြီး အားယားနေခဲ့တာပဲ။

ဒီနှစ်ထဲမှာ သူမ လက်ခံရတဲ့ အလုပ်ဆိုလို့ SRရဲ့ ​ပြောရေးဆို
ခွင့်ရ ကိုယ်စားလှယ် အဖြစ်ရယ်, ကြော်ညာလေးနှစ်ခု ရယ်ပဲ
ရှိသေးတာ။
သူမမှာ TVစီးရီး ဇာတ်လမ်းတွဲ
​တွေ၊ ရုပ်ရှင်ကားတွေ တစ်ခုမှ
မရှိဘူး။ ပြောချင်တာက သူမရဲ့ အချိန်အများစုကို ဂိမ်းဆော့ရင်းနဲ့
သာ ကုန်ဆုံးခဲ့တယ် ဆိုတာပဲ။

ဂိမ်း အဆော့လွန်တာရဲ့ နောက်
ဆက်တွဲ ရလဒ်ကတော့ အွန်လိုင်း
​ပေါ်က ကမာ္ဘကြီး နဲ့ တကယ့်
ပြင်ပကမာ္ဘကြီးတို့ရဲ့ ကွာခြားချက်
က ဘာလဲ ဆိုတာကိုတောင်
ထန်းရှောင်မှာ ပြောပြရဖို့ ခက်ခဲ
သွားတယ်​။

အဖွဲ့မှူးနင်သာ သူမ ဒီလောက်ထိ
ဂိမ်း စွဲလမ်းနေတာ ကို သာ
သိသွားခဲ့ရင် အွန်လိုင်း မပြောနဲ့
ဘယ် လျှပ်စစ်ပစ္စည်းကို ​တောင်မှ သုံးခွင့်ရမှာ မဟုတ်တော့ဘူး။

သူမ တစ်နေ့တစ်နေ့ မူချောင်ရဲ့
ပိုစတာတွေ ကို ကြည့်ပြီး အချစ်နာ
ကျနေတာမျိုး ကို အဖွဲ့မှူးနင် က ခွင့်ပြုပေမဲ့ နေ့တိုင်းလိုလို ဂိမ်းထဲ
မှာ ပါးစပ်သရမ်းပြီး ပေါက်ကရ
​လေးဆယ် ပြောနေတာကိုတော့ သေချာပေါက် ခွင့်ပြုမှာ မဟုတ်
ဘူး။

အခုချိန်မှာ ထန်းရှောင်ဆိုတဲ့
နံမည်က အရမ်းကို လူသိများ ကျော်ကြားနေတာမျိုး မဟုတ်
ရင်တောင် သူမ လမ်းပေါ်မှာ
သွားနေတုန်း တစ်ယောက်
​ယောက်ကသာ တစ်မိနစ်လောက် အချိန်ပေးပြီး သေချာစူးစမ်း
ကြည့်မယ်ဆိုရင် သူမက ဘယ်သူ
လဲ ဆိုတာ ကို လူတွေက မှတ်မိနေ
ကြတယ်။

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လးရဲ့ မင်္ဂလာဆောင်ကိုသာ သူမ မျက်နှာသွားပြလိုက်ရင် ဖြစ်လာမဲ့ နောက်ဆက်တွဲတွေကို အခုက
တည်းက ကြိုခန့်မှန်းလို့ ရနေပြီ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now