Chapter 18

499 95 3
                                    

"ဒါဟာ ချီးထုပ်ကံကြမ္မာပေလား၂"

ဒီနှစ်ရက် အတွင်းမှာ ထန်းရှောင်
ရဲ့ ဘဝဟာ စည်းစိမ် ချမ်းသာ
အပြည့်ပဲ။
နေ့တိုင်း လိုလို သူမရဲ့ ကိုယ်ပိုင်
alt accountလေး ကို
လိုက်ဖမ်းပြီး သတ်ရတာနဲ့ တင် အလုပ်များ ​နေတယ်။

ထန်းရှောင် လိုင်းပေါ် ​ရောက်တာနဲ့ သူမရဲ့ဂိုဏ်းတူ ​ဘော်ဒါတွေကို
မီးလိုက်​​မွှေးတယ်။
ကောင်မလေးတွေနဲ့ အီစီကလီ
လုပ်တယ်။
ပြီးတာနဲ့ သူမရဲ့ သတ်ဖြတ်ခြင်း
စွမ်းရည်တွေ ကို နေ့ကနေည အထိ
လှလှပပကြီး ပြသတော့တယ်။

Ranzhi Clanက ဒါကို မြင်ပေမဲ့ အဲဒီaccount ​သေးသေးလေး က တစ်မိုးအောက် ထန်းရှီ ကို
ဘာတွေများ ရန်စထားလို့ လဲ
ဆိုတာ မသိကြဘူး။

တစ်ဖက်မှာတော့ အကြောင်းသိ
​နေတဲ့ MengHu Clanက
ထိုဟာကို ကြားပြီး တသောသောနဲ့ ပွဲကျကုန် ကြကာ သူတို့ခမျာ
ရယ်ရလွန်းလို့ ခုံပေါ်က ​တောင်
ပြုတ်ကျ ကုန်တယ်။ သူတို့တွေ က
မိသားစုဝင်တွေကို​ ​တောင် ကွန်ပျူတာရှေ့ ဆွဲခေါ်လာပြီး
ထန်းရှီကို လက်ညှိုးထိုး ပြကာ ဟားတိုက် ကုန်ကြတယ်။

"အမယ်လေး...ဒီတစ်ယောက်ကို
ကယ်တင်ပေးလိုက်ကြပါအုံး!!"

ထန်းရှောင် ကတော့ ဖြစ်ပျက်နေ
ကြတာတွေကို ကြည့်ပြီး သိပ်ပြီး
မခံစားရတော့ပေ။
MengHu Clan က သူမ ကို​လှောင်ပြောင်ဖို့ဆို လက်သည်းခွံ
​လောက် အခွင့်အရေးကို​ ​တောင်မှ
လုံးဝ လက်လွတ်ခံ ကြမှာ
မဟုတ်ဘူး။

ထို့ကြောင့် ထိုသောက်ပေါ အုပ်စုနဲ့
သူမနဲ့ တစ်ကျက်ကျက် ပွဲဖြစ်ကြ
ပြီဆို စုမူကျိက သူမရဲ့ ​ဘေးနားကို
တယ်လီပို့တ်နဲ့ ရောက်လာပြီး
ထန်းရှောင်ရဲ့ accountနှစ်ခု
စလုံးကို သူ့ရဲ့နောက် ကို
တွန်းပို့လိုက်ကာ ကြက်မကြီး က
ကြက်ပေါက်လေးတွေကို
ကာကွယ်ပေးသလိုမျိုး ရှေ့ကနေ မားမားမတ်မတ်နဲ့ ပေါ်လာတယ်။

ထိုအခိုက်အတန့်မှာ သူ့ပုံစံက
အချစ်ဟာသ ​ပေါကားထဲ
ဇာတ်လိုက် အရူးကောင်လိုမျိုး။
"မင်းတို့တွေ သူတို့ကို ထိချင်ရင် ငါ့ရဲ့အလောင်းကို ဖြတ်နိုင် မှပဲ
ရလိမ့်မယ်"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now