Chapter 20

466 105 13
                                    

"မိန်းကလေးရေ, ဒါဟာ
ကံကြမ္မာပဲ"

Huskyခွေးလို ​ခွေးအမျိုးအစား
က အမြဲတမ်း ဖြတ်လတ်
တက်ကြွက်ပြီး အငြိမ်မနေတဲ့ သတ္တဝါမျိုး။
ဒီလိုသတ္တဝါမျိုးက လက်ရှိမှာ
သူ့ရဲ့ အစာရှေ့မှာတင်
​ဖျော့တော့စွာနဲ့ လဲလျောင်းနေပြီး သူ့ရဲ့မျက်လုံးတွေ ကလည်း သက်ဝင်လှုပ်ရှားခြင်း မရှိ
မိန်းမောရီဝေ​နေကာ မျက်စိရှေ့က အရာကို​တောင် ကောင်းကောင်း
မြင်ရဟန်​ မ​ပေါ်​ချေ။

သူနဲ့ မလှမ်းမကမ်းမှာ​တော့ အန်ဖတ်အချို့က ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေလေတယ်။
သူက ထန်းရှောင် ​လျှောက်လာတာ
ကို မြင်တာနဲ့ သနားစရာကောင်း
လှစွာ တအီအီနဲ့ ငြီးတွားလိုက်
တယ်။
ပြီးတာနဲ့ သူ့ရဲ့ ​လောလော
လတ်လတ်မှ ​ထွေးထုတ်ထားတဲ့ အန်ဖတ်တွေကို မျက်နှာငယ်လေး
နဲ့ တစ်ချက် လှမ်းကြည့်ပြီး
တအီအီ လုပ်လိုက်ပြန်တယ်။

"စုရုပ်ဆိုး, မင်း..မင်း ဘာလုပ်
​နေတာလဲ?"

ခပ်ထုံထုံHuskyခွေး က
​အောက်ကို ​ခေါင်းငိုက်စိုက်
ကျသွားပြီး ခဏအကြာမှာတင်
ထပ်ပြီး အစာတွေ အန်ထုတ်လိုက်
တယ်။

"ဖာခ့်***! စုမူကျိ, မင်း ဘာဖြစ်နေတာလဲ? ငါ့ ကို မချောက်နဲ့နော်, မင်း ဘယ်နေရာမှာ
နေမကောင်းဖြစ်နေတာလဲ?
ဒါမှမဟုတ် မင်း ထူးဆန်းတာ
တစ်ခုခုကို ထပ်စားလိုက်ပြန်
တာလား?"

ခွေးတစ်ကောင်ကို ပြုစုပျိုးထောင်
ဖို့ ဆုံးဖြတ်လိုက် ကတည်းက ထန်းရှောင်က သူမရဲ့ အသေးသုံး
ပစ္စည်း တိုလီမိုလီတွေ
အကုန်လုံးကို ခပ်ထုံထုံ
ကိုယ်တော်ချော မတော်တဆနဲ့
မြိုမိသွားမှာ စိုးတာကြောင့် သေချာဝှက်ပြီး သိမ်းဆည်း
ထားခဲ့ရတာ။

ကြမ်းပြင်ပေါ်မှာ ညှိုးငယ်စွာနဲ့
​ခွေလှဲနေတဲ့ စုမူကျိရဲ့ အခြေအနေ
က မြင်ရတာနဲ့တင် သိပ်မဟန်ပေ။

ထိုအချိန်မှာတော့ ထန်းရှောင်မှာ တော်တော်လေး ထိတ်လန့်ပြီး
ပျာယာခတ်နေလေပြီ။
သူမရဲ့ အခန်းထဲကို အပြေး
တစ်ပိုင်း ဝင်သွားပြီး ဖုန်း ကို ဆွဲယူလိုက်ကာ အဖွဲ့မှူးနင် ရဲ့
ဖုန်းနံပါတ် ဆီ ချက်ချင်း ဆက်သွယ်လိုက်တယ်။
ဖုန်းက လျင်မြန်စွာနဲ့ ချိတ်ဆက်မိ သွားပြီး ထန်းရှောင်မှာ
ဖုန်းဝင်သွားသွားချင်း အသက်​
တစ်ချက်တောင် မရူဘဲ
တရစပ် တန်းပြောလိုက်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now