Chapter 17

506 114 12
                                    

"ဒါဟာ ချီးထုပ်ကံကြမ္မာပေလား"

တိုက်ကွမ်ဒို သင်ကြားခြင်း ရဲ့
အကျိုး ​ကျေးဇူး ​ကြောင့် သူမ ရဲ့
ခန္ဓာကိုယ် အတွင်းထဲ က နှစ်ပေါင်း
များစွာ တိမ်ဖုံး ​ပျောက်ကွယ်​နေ
ခဲ့တဲ့ စွမ်းအားတွေ က လျင်မြန်စွာ
နဲ့ အထိန်းအချုပ် မဲ့လာတယ် လို့  ထန်းရှောင် ခံစားနေရတယ်။

အဖွဲ့မှူးနင် ကတော့ လက်​ရှိ မှာ 
မိမိ လက်အောက်က အနုပညာရှင်
ရဲ့ Activity ​တွေ ကို အထက်
လူကြီး အနေ နဲ့ ကြည့်ရူ ​စောင့်
ကြည့်​​ပေးခြင်း ဆိုတဲ့ သောက်တလွဲ
အကြောင်းပြချက် နဲ့ သူမ ရှိတဲ့ သင်တန်းကျောင်း ဆီကို ​နေ့တိုင်း
နီးပါး လာလေတယ်။

အမှန်တိုင်း ​ပြောရရင် သူ လာတာ
က သူမကို ​ဘေးကနေ ထိုင်ကြည့်
ပြီး ပါးစပ်ကြီး တစ်လုံးနဲ့ ​ဝေဖန်
ကဲ့ရဲ့ဖို့ပဲ။

“မူချောင် တိုက်ကွမ်ဒိုဝတ်စုံ ကို
ဝတ်ထားတဲ့ အချိန် ဆို ကမာ္ဘလောကကြီး တစ်ခွင်လုံး က ဂုဏ်ကျက်သရေ အပေါင်း
လာရောက် ခညောင်းထား သလို
မျိုး ခမ်းနား ထယ်ဝါနေတာပဲ။
သာမန် လူတွေ အနေနဲ့ တောင် ထားလိုက်ပါတော့
ရုပ်အဆိုးဆုံး လူတွေ ​တောင်
တိုက်ကွမ်ဒို ဝတ်စုံ ဝတ်ထားရင် အာ…ဒါက သူတို့တွေ ​လေ့ကျင့်ရေး
ဝတ်စုံ ဝတ်​ထားကြ ပါလား ဆိုပြီး ကြည့်ပျော် ရူ့ပျော် ရှိအုံးမယ်။
ဒါပေမဲ့ ဘာလို့ မင်းကျမှ
တိုက်ကွမ်ဒို ဝတ်စုံ ထားရင် အခုလေးတင်မှ ​ရေပူစမ်း က​နေ
​ရေချိုးပြီး ပြန်လာသလိုလို ချွေးထုတ်ခန်း ဝတ်စုံလိုလို ဖြစ်နေ
ရတာလဲ?”

“ထန်းရှောင်, မင်း အသက် က
အခုမှ ၂၃နှစ် ငယ်ငယ်လေး ပဲ
ရှိသေးတာ။ ဒါကို ဘာလို့ မင်း ​ခြေထောက်တွေ လေထဲ ကန်လိုက်
တဲ့ အချိန်တိုင်း ဈေးထဲမှာ ကနေတဲ့
အသက်ကြီးကြီး အဘိုးအဘွား​
​တွေ နဲ့ သွားတူနေတာလဲ?”

“ဘုရားရေ, မင်း ခါးနား က
အဆီတွေ က မင်း ​ခြေထောက်
မမြှောက် နိုင်အောင် တားဆီးနေ
ကြ ပြန်ပြီ!”

ထိုစကားလုံးတွေ ကို ကြားတဲ့
အချိန်တိုင်း ထန်းရှောင် မှာ
သူ့ရဲ့ မျက်ခွက် ကိုပဲ တည့်တည့်
ကြီး ကန်ထည့် ပစ်လိုက်ချင်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now