Chapter 15

518 113 8
                                    

"အချစ်ကို ဝန်ခံလိုက်တာက ဘာအသုံးဝင်လို့လဲ?"

သူမ အဖွဲ့မှူးနင် ဆီ ဖုန်းခေါ်
လိုက်တဲ့ အချိန်မှာ အဖွဲ့မှူးနင်
တစ်ယောက် ၉၁၁(အရေးပေါ်
နံပါတ်) ဆီကို တောင် ဆက်သွယ်
လုနီးပါး ဖြစ်သွားခဲ့တယ်။

ထန်းရှောင်:
“အဟားဟားဟားဟား,
ရှင် ကျွန်မကို လစာမပေးတာ
​တော်တော် ကြာ​နေပြီနော်။
ကုမ္ပဏီက ​ဒေဝါလီ ခံရတော့မှာ
လား?! အဟားဟားဟားဟား”

အဖွဲ့မှူးနင်: “မင်း ဆရာဝန် ဆီ
သွားပြဖို့ ငွေလိုနေတာလား?”

ထန်းရှောင်:
“အဟားဟားဟားဟား, ကျွန်မရဲ့ ခန္ဓာကိုယ် က အကောင်းမွန်ဆုံး
အခြေအနေမှာ ရှိနေတာကို ရှင် ဘယ်လိုများ​ ​ပြောလိုက်တာလဲ! အဟားဟားဟား! မြန်မြန်လေး,
ရှင်ရဲ့ ဘဏ္ဍာ​ရေးဌာန ကို​ ​ပြော
လိုက်။ ကျွန်မရဲ့လစာကို ​ပေးဖို့!
ကျွန်မ အရမ်းကို မွဲတေ​နေလို့
သေတော့မလို ဖြစ်နေပြီ။ ကျွန်မ
မှာ ​နေထိုင် စားသောက်ဖို့ ပိုက်ဆံ
​တောင် မရှိတာ့ဘူး။
အခု​ ကျွန်​မ ဗိုက်ဆာလွန်းလို့ သိပ်မကြာခင်မှာ ​ခွေးသားဟော့ပေါ့
လုပ်စားမိတော့မယ်”

အဖွဲ့မှူးနင်: “ငါက မင်းရဲ့ခန္ဓာကိုယ်
ကို စိတ်ပူနေတာ မဟုတ်ဘူး။
မင်းရဲ့ စိတ်ကျန်းမာရေး ကို
ပူနေတာ။ ငါ မင်းအတွက်
ဆရာဝန် တစ်ယောက်လောက်
ရှာပေး ရမလား?”

ထန်းရှောင် ဂွပ်ခနဲ ဖုန်းချပစ်
လိုက်တယ်။

ပါးစပ်ပါတိုင်း ပြစ်မှားလို့
ရတယ်လို့ ဘယ်ဖ​အေ က
သင်​​ပေးထားလို့လဲ လဒရဲ့။

သူမရဲ့ စိတ်အခြေအနေ က
ဒေါင်ဒေါင် မြည်​အောင်
အ​ကောင်းကြီးကို။

အဟားဟားဟားဟား!!!!

အဖွဲ့မှူးနင်ကို ဖုန်းဆက်ပြီးတာ
နဲ့ ရှောင်လင် ဆီ ဖုန်းခေါ်လိုက်
တယ်။

ရှောင်လင်: “အဖွဲ့မှူးနင် က ​ပြော
တယ်။ နင့်ရဲ့ စိတ်အခြေအနေ က
ပုံမှန် မဟုတ်ဘူးဆို။ နင့်အတွက်
စိတ်ရောဂါပညာရှင် တစ်ယောက်
​လောက် ရှာပေးဖို့ အကူအညီ
လိုလား?”

ထန်းရှောင်:
“အဟားဟားဟားဟား….”

သူမ ထပ်ပြီး ဖုန်းချပစ်လိုက်တယ်။ သူမရဲ့ဘလက်ထောက်နဲ့ သူဌေး က
ငါးမျှားချိတ် နဲ့ ချိတ်ကောက် လို
​တော်တော် လိုက်ဖက်ကြတာပဲ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now