Chapter 41.1

535 97 10
                                    

"Pink, pink, pink 2"

ချောင်ရိကျင်က သူ့ရဲ့ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး အလွန်လျှို့ဝှက်တဲ့သူဖြစ်တာကြောင့် ရိုက်ကူးရေးနေရာတွေမှာ အပြင်လူလုံးဝမရှိစေရအောင် သေချာတင်းကြပ်ထားတယ်။

ဆိုလိုချင်တာက ထန်းရှောင်သာ အလိုရှိမယ်ဆိုရင်, "ငါ အီးအီးပူပူလေးတစ်ခွက် စားချင်တယ်" လို့ အော်ဟစ်နေရင်တောင်မှ သူမကို ထိုးချိန်ထားမဲ့ ကင်မရာတွေ သတင်းထောက်တွေ လုံးဝရှိမည်မဟုတ်ဟုပင်။

ဒုတိယရက်မှာတော့ ထန်းရှောင်က သူမရဲ့အခန်းဖြစ်တဲ့ ဇာတ်လိုက်မင်းသားနဲ့ ဒုတိယဇာတ်လိုက်မတို့ တွေ့ဆုံမည့်နေရာကို ရိုက်ကူးရမှာဖြစ်တယ်။

ရိုက်ကူးရေးနေရာက နေအိမ်ဉယျာဉ်တစ်ခုထဲမှာ ဖြစ်ကာ ချောင်ရိကျင်က ရိုက်ကူးမဲ့အခန်းနဲ့ ပတ်သက်ပြီး တခြားသရုပ်ဆောင်တစ်ယောက်ကို ရှင်းပြပြောဆိုနေတုန်း ထန်းရှောင်က ဝှီးချဲကုလားထိုင်ပေါ်မှာ ထိုင်ပြီး သူမဘာသာတွန်းရင်း လျှောက်ပတ်ကြည့်နေတယ်။

သူမက လေးဘီးထောက်ဝှီးချဲပေါ်မှာ မိန့်မိန့်ကြီး ထိုင်ပြီး ဟိုသွားဒီသွားနဲ့ ထောင်ထောင် ထောင်ထောင် လုပ်နေလေတယ်။

သူမရဲ့ခေါင်းထက်မှာ ဖော်ကျူးနေတဲ့အမူအရာက
"ငါကိုယ်တော် ချစ်မြတ်နိုးရတဲ့ တိုင်းသူပြည်သားတို့...မင်းတို့အကုန်လုံး ခက်ခဲခဲ့ကြမှာပဲ။ စိတ်မပူနဲ့တော့ ဒီအရှင်မင်းကြီးက တိုက်ပွဲမှာ စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်တော့မှာ"

ချောင်ရိကျင်ကတော့ သူမကို အမှိုက်ထုပ်ကို ကြည့်သလိုမျိုး ကြည့်နေလေတယ်။

နှစ်ယောက်သားတွေ့ဆုံမဲ့ ပထမဆုံးအခန်းမှာ, ထန်းရှောင်အပေါ်ထားတဲ့ ချောင်ရိကျင်ရဲ့မျှော်လင့်ချက်တွေက ဟိုး...အောက်ဆုံးမှာပင်။
သူမမှာ ငါးသေတစ်ကောင်ရဲ့မျက်လုံးတွေ ရှိမနေရင် ပြီးတာပဲ။

ထန်းရှောင်: "...."

ထန်းရှောင်ရဲ့character နံမည်က "စုန့်အန်းရန်" ဖြစ်ပြီး မူချောင်သရုပ်ဆောင်မဲ့ "ချိုက်ထင့်ဟန်" နဲ့ ပထမဆုံးတွေ့ဆုံရမဲ့ အခန်းဖြစ်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now