Chapter 37

488 98 17
                                    

"ရှောင်လင် နင် တကယ်သတ္တိရှိတာပဲ "

ချောင်ရိကျင်ရဲ့ ဇာတ်ကားအသစ် အကြောင်းကို သေချာလျှို့ဝှက်ထားကြတာ ဖြစ်တယ်။

ဇာတ်ကားအသစ်အကြောင်း မချပြခင်မှာ အဓိကအမျိုးသမီးဇာတ်လိုက်က စုပိုင် ဖြစ်တယ်ဆိုတဲ့သတင်းကို အရင်ထုတ်လိုက်တယ်။

ထိုသတင်းကြောင့် အင်တာနက်တစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။

လူတိုင်းကလည်း အဓိကအမျိုးသားဇာတ်လိုက်နေရာမှာ မူချောင် ပါဝင်မယ်လို့ ခန့်မှန်းနေကြလေတယ်။

ထိုလထဲမှာ ချောင်ရိကျင်ရဲ့ weiboနဲ့ မူချောင်ရဲ့weiboတို့မှာ ပရိတ်သတ်တွေက ပေါက်ကွဲလုနီးပါးပင်။

သို့ပေမဲ့လည်း တရားဝင်ထုတ်ပြန်ချက်တစ်ခုမှ မရှိသေးပေ။

ရိုက်ကူးရေးစတင်ဖို့ နီးကပ်လာတဲ့အချိန်မှပဲ ချောင်ရိကျင်က ဘယ်သူတွေက အဓိကအမျိုးသားဇာတ်ကောင်, အဓိကအမျိုးသမီးဇာတ်ကောင်နဲ့ ဒုတိယအမျိုးသားဇာတ်ကောင်, ဒုတိယအမျိုးသမီးဇာတ်ကောင် နေရာတွေမှာ သရုပ်ဆောင်မှာ ဖြစ်ကြောင်း အလွန်တည်ငြိမ် အေးဆေးစွာနဲ့ ဖွင့်ဟပြောဆိုလိုက်တယ်။

မူချောင်နဲ့ စုပိုင်အပြင် လက်ရှိ တက်သစ်စ "လတ်ဆတ်တဲ့ အသားတုံးလေး" လို့ခေါ်ကြတဲ့ စုန့်ကျင်းရန်လည်း ပါဝင်တယ်။

မူချောင်နဲ့ စုပိုင်တို့ရဲ့ပရိတ်သတ်တွေအကုန်လုံး ချောင်ရိကျင်ရဲ့ပို့စ်အောက်မှာ ပွဲစည်နေကြတော့တယ်။

ရုပ်ရှင်ဇာတ်ကားရဲ့ ပထမဆုံးတွေ့ဆုံပွဲမှာ, အဖွဲ့မှူးနင်က ရင်းနှီးမြုပ်နှံသူတစ်ယောက်အနေနဲ့ စားပွဲဆယ်ဝိုင်းစာ အလွန်ရက်ရောစွာနဲ့ ကျွေးမွေးဧည့်ခံတယ်။

ရင်းနှီးမြုပ်နှံသူတွေ, လက်ထောက်ဒါရိုက်တာနဲ့ ဒါရိုက်တာတို့အပြင် ဇာတ်လိုက်သရုပ်​​ဆောင်​နှစ်ယောက်က အဓိကစားပွဲဝိုင်းမှာ ထိုင်ကြပြီး ထန်းရှောင်, ရှောင်လင်နဲ့ ကျန်တဲ့သူတွေက တခြားစားပွဲဝိုင်းအသီးသီးမှာ ထိုင်ကြတယ်။

လက်ထောက်ဒါရိုက်တာက အဖွဲ့မှူးနင်ကို မျက်နှာချိုသွေးဖို့ ဘေးနားကနေ သောက်စရာတွေ ဆက်တိုက်ထည့်ပေးနေပေမဲ့ အဖွဲ့မှူးနင်က အနည်းငယ် စိတ်ပျံလွင့်နေပုံရပြီး ဘေးနားက စားပွဲဆီမှာပဲ အကြည့်တွေရောက်နေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားDove le storie prendono vita. Scoprilo ora