Chapter 4

801 159 12
                                    

"လက်ထပ်ပွဲအောင်မြင်ပြီးနောက် အများရှေ့တွင်တွတ်တီတူးကာ
​နေထိုင်ခြင်း"

"လက်ထပ်ပွဲအောင်မြင်ပြီးနောက် အများရှေ့တွင် တွတ်တီတူးကာ
​နေထိုင်ခြင်း"

LanRe Server သား​တွေ
ကတော့ ဒရာမာရဲ့နောက်ထပ်
လာမဲ့အပိုင်းက ဘယ်လိုမျိုး မထင်မှတ်ထားတဲ့ ဇာတ်ကွက်
​တွေနဲ့ချလာမလဲ မသိနိုင်တာ
​ကြောင့် လည်တံရှည်ရှည်နဲ့
စိတ်အားထက်သန်စွာစောင့်
​မျှော်​နေကြတယ်။

သူတို့အားလုံးရဲ့ စိတ်ထဲမှာထပ်
တူညီစွာနဲ့ရှိနေတဲ့ အတွေးတစ်ခု
ကတော့....
ဒီအတွဲကတကယ်ပဲ
လက်ထပ်ဖြစ်ကြမှာလား?!

ထို့​နောက်မှာတော့ သူတို့အားလုံး
တစ်​ပတ်​ရိုက် ခံလိုက်​ရတယ်။

ထန်းရှောင်နဲ့စုမူကျိက လူတွေ အများကြီးရှိမနေမဲ့
ည၁၂နာရီတိတိ အချိန်ကိုရွေးပြီး
ယွဲ့လောင်ဘုရားကျောင်းဆီ
တိတ်​တိတ်​​လေးသွားကာ
လက်ထပ်ပြီး​ကြောင်း
စာရင်းသွင်းလိုက်တယ်။

Systemကနေ ​ကြေညာချက်
ထွက်လာပြီးတဲ့ ​နောက်မှာတော့ LanRe Serverသားတွေ
အကုန်လုံး ပက်လက်လှန်ကုန်
ကြ​တော့တယ်။

[Worldစကားဝိုင်း၁] မြေအိုးထဲကရွှေတုံးလေး:
"ငါတော့ လက်မြောက်လိုက်ပြီ။ ကြည့်ရတာ ဒရာမာကားက
လူကြည့် အများဆုံးဖြစ်နေလို့
မင်းသမီးကို ရုတ်တရတ်ကြီး
ကားတက်ကြိတ် ခံလိုက်ရပြီး
ပြီးပါပြီ။ဒီလောက်ပါပဲ
လို့ စာတန်းထိုးလိုက်တဲ့ အတိုင်း
ပဲ။ အချိန်က အရမ်းနောက်ကျ
​နေပြီမို့ ငါလိုင်းပေါ်ကဆင်းမလို့
လုပ်တုန်း ဒီလိုဖြစ်သွားတာပဲ။
ငါတော့ အခုအိပ်တောင်
မပျော်နိုင်တော့ဘူး။"

[Worldစကားဝိုင်း၂] ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်:
"သေစမ်းကွာ!ငါ့ဘော်ဒါ
တစ်ယောက် က ညဉ့်နက်ကြီး
ဖုန်းခေါ်ပြီး ပွဲကြီးပွဲကောင်းကို
လက်လွတ် မခံချင်ရင် လိုင်းပေါ်
တက်ခဲ့လို့ ပြောလို့ ငါ့မှာအပြေး
​လေးရောက်လာရတာ။
မင်းတို့ကောင်တွေ တကယ်ပဲ
လူတွေကို အိပ်မပျော်နိုင်အောင်
လို့ တမင်သတ်သတ်လုပ်လိုက်
တာမလား"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now