Chapter 51.1

370 76 6
                                    

"သူ့ကို မှောက်သွားအောင် တိုက်ချပလိုက်၂"

မူချောင်မှာ Ranzhiဂိုဏ်းကအသင်းဖော်တွေရဲ့ အတင်းအကြပ် အရက်သောက်ခိုင်းတာကို ခံနေခဲ့ရပြီး ထန်းရှောင်ကို လိုက်ရှာပေမဲ့ မတွေ့ပေ။

ထို့ကြောင့် သန့်စင်ခန်းတွေဘက်ဆီ လိုက်ကြည့်ဖို့ ဦးတည်လိုက်ပေမဲ့ လူသုံးယောက်က ရုတ်တရပ်ကြီး သူ့ရှေ့ရောက်ချလာပြီး သူတို့ရဲ့မျက်နှာတွေကလည်း စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ တလက်လက်ထလို့ပင်။

"ကျိယန်က မင်းတို့နှစ်ယောက်ကို ရှာနေတာ" မူချောင်က ဂျူလိုင်နဲ့ ရှောင်လင်တို့ကို ထွက်သွားဖို့ ဆင်ခြေတစ်ခုပေးလိုက်တယ်။

"မင်းခုနက ဘယ်တွေလျှောက်သွားနေတာလဲ? ဟမ်?"

ထို "ဟမ်"ဆိုတဲ့ နေရာနားမှာ တစ်ယောက်ယောက်ကို မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ အလိုလိုက်ထားသလို လေသံအပြည့်ဖြစ်နေကာ တိုးညှင်းစွာ ထန်းရှောင်ရဲ့နား ဘေးနား ကပ်ပြောလိုက်တယ်။

ထိုအရာက ထန်းရှောင်ရဲ့တစ်ကိုယ်လုံး တုန်လှုပ်သွားစေကာ, သူမရဲ့ အနူးညံ့ဆုံးနေရာတစ်ခုကို ရိုက်ခတ်သွားသလို ခံစားလိုက်ရတယ်။

"ဟမ်?" လို့ပြောလိုက်တဲ့ အသံနားမှာတင် ထန်းရှောင်ရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို အားနည်းဆုတ်ယုတ်သွားအောင် လုပ်ပြီးပြီဖြစ်တယ်။

မူချောင်က နည်းနည်းသောက်ထားတာကြောင့် အနည်းငယ်ပူသလို ခံစားရကာ သူ့အင်္ကျီရဲ့ ထိပ်ဆုံးကြယ်သီးတချို့ကို ဖြုတ်ထားတယ်။

မီးရောင်အောက်မှာ, သူ့ရဲ့ညှပ်ရိုးကို အနည်းငယ် ဖွင့်ဟပြထားသလိုဖြစ်နေပြီး ပိုပြီးသိသာထင်ရှားစွာနဲ့ပင် လှပနေတော့တယ်။

သူ့လက်က သူမထိုင်နေတဲ့ထိုင်ခုံရဲ့နောက်ကို လှမ်းဆွဲလိုက်ကာ, လူနှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် အလွန်နီးကပ်စွာရှိနေလေတယ်။

အရက်အနည်းငယ်မူးနေတဲ့ မူချောင်က မူလမူချောင်နဲ့ အနည်းငယ်ကွာခြားနေသလိုမျိုး ထန်းရှောင် အမြဲခံစားမိတယ်။

ပုံမှန်အားဖြင့် သူက သင့်တော်တဲ့အချိန်တစ်ခုမှာ လူကြီးလူကောင်းပီသစွာနဲ့ ရပ်တန့်လိုက်မှာဖြစ်ပေမဲ့ လက်ရှိမှာတော့ သူ့ပုံစံက ဘယ်အရာကိုမှ သည်းခံထိန်းချုပ်ထားခြင်းမရှိပဲ ပိုင်စိုးပိုင်နင်းနိုင်လွန်းတဲ့ ဉက္ကဌအမျိုးသားဇာတ်လိုက်တစ်ယောက်လိုဖြစ်နေကာ အထူးသဖြင့် သူက လေသံတိုးတိုးနဲ့ ရယ်သွမ်းလိုက်တဲ့အချိန် ထန်းရှောင် သူမကိုယ်သူမ Mary-Sueဇာတ်ကောင်လိုမျိုး ခံစားလိုက်ရတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now