Chapter 12

574 119 6
                                    

"မင်းက အရမ်းလှတယ်,အရမ်း
အရမ်းလှလွန်းတယ်"

မင်းတို့ရဲ့ မနက်ခင်း ကို
ဖင်တစ်လုံး ကို မြင်ပြီး
နိုးထလာရတာမျိုး
ကြုံဖူးကြလား?

အဲဒီခံစားချက် က အရမ်းကို
ထူးဆန်းပြီး အရမ်းလည်း
အနံ့ပြင်းတယ်။

ထန်းရှောင် ​တွေးတောခန်း
ဝင်လိုက်တယ်။

တကယ်ပဲ....
သူမမှာ ဒီလိုမျိုးတွေ ကြုံတွေ့
ရအောင် အရင်ဘဝတုန်း က
ဘယ်လို ပြစ်မှုများ ကျူးလွန်ခဲ့
လို့ပါလိမ့်?

ဘာကြောင့်များ စုမူကျိ လို့
ခေါ်တဲ့ အရာမှန်သမျှ က
တစ်ချိန်လုံး သူမ ကို စိတ်အနှောင့်အယှက်​ပေးဖို့
တည်ရှိနေရတာလဲ!

ဂိမ်းထဲမှာတော့ သူမ ကို
တစ်ချိန်လုံး လိုက်ရိုက်နေ တဲ့
စုမူကျိတစ်ယောက် ရှိနေပြီး
ဂိမ်းအပြင် မှာ​တော့ သူမရဲ့ ​
​ခေါင်းပေါ် ဖင်ခုပြီး တက်ထိုင်နေ
တဲ့ စုမူကျိလို့ ​ခေါ်တဲ့ ခပ်ထုံထုံခွေး
တစ်ကောင် ရှိနေတယ်။

ထန်းရှောင် ရဲ့ စိတ်ထဲအတွေး
​ပေါင်း ​သောင်းခြောက် ဝင်လာ
ကာ ကျည်ဆံတွေ ​တောင်
ပျံဝင်လာတယ်။

ဒီမှာ....အစ်ကိုကြီး!!! ဒါ က
ငါ့ရဲ့ ကြီးမြတ် တဲ့ ဦးခေါင်းဟဲ့...
ဦးခေါင်း!!! မင်း တက်ထိုင်ရမဲ့
ဆိုဖာ မှတ်နေလား!!!

ပြီးတော့!!!
မင်းမှာ ​ခွေးတစ်ကောင် ရဲ့
အခြေခံ ကျင့်ဝတ်လေး နည်းနည်း
​တောင် မရှိနိုင်ဘူးလား!!!

မင်း အိမ်သာတက် ပြီးပြီးချင်း
မင်း ဖင်ကိုရော ​သေချာပြောင်
​အောင် ​ဆေးခဲ့ရဲ့လား!!!

ငါ တကယ်ကြီး ခွေးသားဟော့ပေါ့
လုပ်စားချင် ​နေပြီနော်!!!
တကယ် လုပ်စားပစ်မှာ!!!

ခွေးမွေးဖို့ ဆုံးဖြတ်လိုက်တာ နဲ့
သူမမှာ ​နေ့ရက်တိုင်း လိုလို
အပြင် ကို ​ခွေးကျောင်းထွက်
ရတယ်။
ဒါပေမဲ့ လည်း....
လမ်းတစ်လျှောက်လုံးမှာတော့
ခပ်ထုံထုံ Huskyခွေး က ​
​စောင်ရူးတစ်ကောင် လို အူမြူးပြီး
​လျှောက်​ပတ်​​ ​ပြေးနေကာ
​ခွေးပိုင်ရှင် ထန်းရှောင်မှာ လည်း
​နောက်ကနေ ဆံပင်ဆုတ်ဖွား
ဘိုသီဘတ်သီ နဲ့ ခွေးပြေးဝက်ပြေး ပြေးလိုက်ရ​လေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now