Chapter 11

589 119 13
                                    

"ခွေးတစ်ကောင်အား ပြုစု
ပျိုးထောင်ခြင်း"

မနေ့ညတုန်းက ထန်းရှောင် နဲ့
စုမူကျိတို့ နှစ်ယောက်သား တော်တော်လေးကြာတဲ့ အထိ အပြန်အလှန်ဓား နဲ့ ခုတ်နေခဲ့ကြ
တယ်။ နောက်ဆုံးမှာတော့
ထန်း​ရှောင်​ အတွေး တစ်ခု
ဝင်လာတယ်။ သူမ က
အစားကျွေးတဲ့ လက်ကို
တစ်ကယ်ကြီး ပြန်ကိုက်​နေခဲ့
တာပဲ။

စုမူကျိက သူမကို လက်နက်
ပစ္စည်းတစ်စုံလုံး​တောင်
​ပေးခဲ့ပြီးမှ သူမကို အသေရိုက်ပြီး
ဗ​လောင်းဗလဲ​တွေ ထလုပ်နေ
တယ်?

ဒါတော့ မဟုတ်သေးဘူး။

ထို့ကြောင့် သူမ လည်း ပါလာသမျှ ဂန္ဓာမာပန်းပွင့်တွေ ကို စုမူကျိ ကို
ကျဲပေးလိုက်ပြီး မကြာခင်မှာပဲ နောက်ထပ် ဖင်ကျိန်းအောင်
အဆော်ခံ လိုက်ရတော့တယ်။

ထန်းရှောင်:......

တစ်ညလုံးနီးပါး တိုက်ပွဲဝင်ပြီး နောက်တစ်နေ့ မနက်ခင်းထရတဲ့
အလုပ်က ငရဲပြည် ဆင်းရသည့်
အလား။

ရှောင်လင်က မနက်ခင်း
အစောကြီး​ခွေးတစ်ကောင် နဲ့
ရောက်ချလာတယ်။

ထို့ကြောင့် ထန်းရှောင် အိပ်ယာ
ကနေ ထလာတဲ့ အချိန် မှာ
သူမရဲ့ မြင်ကွင်းထဲမှာ ပြတင်းပေါက်ဘေး မှာ ထိုင်နေပြီး
အပြင်ကို ​ငေးကြည့်နေ တဲ့ ရွှေရောင်သတ္တဝါတစ်ကောင် ရဲ့
ပုံရိပ်က ဝင်​ရောက်​လာတယ်။
"အထီးကျန် သိမ်ငယ်မှုများစွာနဲ့~~
မင်းမရှိတဲ့ ​နေ့တွေရယ်...
ငါ တစ်ယောက်တည်း...
အားတွေငယ်~~~"
အနောက်ကနေ ကြည့်လိုက်ရင် တစ်လောကလုံး မှာ
ငါတစ်​​ယောက်​တည်းဆိုတဲ့ ပုံစံနဲ့
အထီးကျန်နေတဲ့ ကြွက်​စုတ်လေး
လို။

ထန်းရှောင်ရဲ့ မျက်လုံးအစုံ က
ပြူးကျယ်လာကာ အိပ်ချင်မူးတူး
စိတ်တွေ အကုန်လုံး လွင့်ပြယ်သွား
တယ်။

"ရှောင်လင်....နင် ငါ့ အတွက်
ရွှေရောင်အမွှေးပွခွေး ဝယ်လာ
​ပေးတာလား? ​နေပါအုံး, ဘာလို့ သူ့အမွှေးတွေ က အရမ်းတိုနေ
ရတာလဲ?"

ထို့နောက်....
ထို "ရွှေရောင်အမွှေးပွခွေး" က
​နောက်ကို လှည့်လာကာ သူမ နဲ့ မျက်နှာချင်း ဆုံသွားတယ်။
အနက်နဲ့အဖြူရောင် အမွှေးစပ်
ထားပြီး အပြာရောင်မျက်လုံး
တစ်စုံနဲ့ ခွေး က သူမရဲ့ ​ရှေ့တည့်
တည့်မှာ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now