Chapter 9

624 126 3
                                    


"Account ဟက်ခ်ခံလိုက်ရပြီး အရာအားလုံး ခိုးယူခံလိုက်ရခြင်း; အမြီးတုတ်တုတ်ဖမ်းကြမယ်၂"

ထန်းရှောင် က ရိုက်ကူးရေးပြီး
ပြီးချင်း ရှောင်လင် ကို သွားရှာ
လိုက်တယ်။

“ရှောင်လင်ရေ! ငါ..​ခွေးမွေးချင်
လို့။ မူချောင်ရဲ့ခွေး နဲ့ တစ်ပုံစံ
တည်းတူတဲ့ ​ရွှေရောင်အမွှေးပွ​ခွေး
မျိုး​ ​မွေးချင်တယ်”

ရှောင်လင် က မနိုင်ဘူးဆိုတဲ့ပုံစံ
နဲ့ မျက်ဖြူလှန်​ ပြလိုက်ကာ
ထန်းရှောင် ကို ဂုတ်ကနေ ဆွဲခေါ်လိုက်တယ်။

“ဒီနေ့ မနက်တုန်းက နင်စားတဲ့
ပန်ကိတ်ထဲ အဆိပ်ခတ်ခဲ့ရမှာ…။ မူချောင်ရဲ့ဖန်တွေ ကလည်း
ငါ လုပ်ခဲ့တာသာ သိရင် အကုန်
​ကျေးဇူးတင်ကုန်ကြမှာပဲ”

“ဒါဆို လည်း နင် အလုပ်ပြုတ်ပြီ
​လေ”

“….”

ထန်းရှောင် အိမ်ကို ပြန်ရောက်​
​ရောက်ချင်း ဂိမ်းထဲကို ဝင်ပြီး ဖြစ်ပျက်နေတဲ့ အခြေအနေ​တွေ
ကို စစ်ကြည့်လိုက်တယ်။

Screenမှာ မြင်နေရတဲ့
အမျိုးသမီး Enchantress
ကတော့ သူမရဲ့ကိုယ်ပိုင်သီးသန့်​နေရာလေး​တွေ ကို အရှက်လုံရုံ
မျှ ဖုံးဖိထားတဲ့ အဝတ်စ​လေး
နှစ်​စသာ ကိုယ်​မှာ ကပ်နေ​
​လေတယ်။
လက်နက် ပစ္စည်းတွေ နဲ့
အကာအကွယ် ဝတ်ရုံတွေလည်း
တစ်ခုမှ မရှိတော့တဲ့ အပြင်​
သူမရဲ့အကောင့်ကို ဟက်ခ်သွား
တဲ့ မျိုးမစစ်​​လေး က
သူမအတွက် အဖြူရောင်
ဂန္ဓာမာပန်းတွေမှ လွဲ၍
HP Optionလေး နည်းနည်း
​တောင် ချန်မသွားခဲ့ပေ။

{ HP = Hit Points
HPဆိုတာ ဂိမ်းထဲမှာတွေ့နေကျ
စကားလုံးပါ။ သူက ဘာကို
ရည်ညွှန်းတာလဲ ဆိုရင်
ကိုယ် ကိုင်နေတဲ့ Character က
ဘယ်လောက်ထိ သန်မာလဲဆိုတဲ့
ပမာဏစွမ်းအား or Unit
ကို ပြပါတယ်​။ Character
တစ်ခုမှာ HP ပိုပြီး များလေလေ Damageတွေ ကို ပိုပြီး ခုခံနိုင်စွမ်း
မြင့်မားပါတယ်}

ထန်းရှောင်ရဲ့မျက်နှာ က
အီးမှန်တဲ့ အခွက်​လို ရှုံ့တွသွား
ကာ Screenကို ကြည့်ပြီး ​
​ဒေါသတကြီး ​အော်ဟစ်ကျိန်ဆဲ
လိုက်​တော့တယ်။

[လက်ရှိ] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
လး: “ထန်းရှီလေး, မင်းAccount အခြေအနေ ဘယ်လောက်ထိ
ဆိုးလဲ ဆိုတာ မြင်ပြီးသွားပြီ
လား?”

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now