Chapter 23

569 98 5
                                    

"အချစ်နဲ့ အလှတရားအတွက်"

ဒီအုပ်စုတိုက်ပွဲမှာ လူတိုင်းက မသင်္ကာစရာကောင်းတဲ့ အချစ်ငှက်တွေရဲ့ အငွေ့အသက်
​တွေကို မသိမသာနဲ့ ထင်​ထင်​​ပေါ်
​ပေါ် တွေ့မြင်နေကြရတယ်။

ခွဲခွာခြင်းတေးသံက တွေ့သမျှ သက်ရှိသတ္တဝါတိုင်း ကို ပျော်ပျော်ပါးပါးကြီး ခုတ်ထစ် လှီးဖြတ်နေတုန်း တစ်ဖက်မှာ နတ်ပြည်ကဘိုးအေကြီး ကို သူ့ရဲ့ကာကွယ်မှု အောက်မှုကနေ လွတ်မသွားစေရပေ။
တိုက်ပွဲဝင်နေစဉ် တစ်ချိန်လုံးမှာ
သူက နတ်ပြည်ကဘိုးအေကြီး ကို တစ်ချက်လေးတောင် မျက်စိ
​အောက် ကနေ အပျောက်မခံဘဲ သူမဘေးနားမှာ ရှိနေတဲ့ ရန်သူတွေ
ကို တောင်မှ ကူသတ်ပေးလိုက်
​သေးတယ်။

တစ်ခြားတစ်ဖက်မှာတော့ ရွှေရောင်နေ့ရက်လေးများ နဲ့ ဒီအရှင်မင်းကြီးတို့ က
သူတို့ရဲ့ဂိုဏ်း​ခေါင်းဆောင်
အသီးသီး ကို ကာကွယ်ပေးနေကြ
ပြီး အားကောင်းတဲ့​ဟော့ပေါ့လေး
ကလည်း ရွှေရောင်နေ့ရက်လေးများ
ရဲ့ နောက်ကနေ ထပ်ကြပ်မခွာ
လိုက်ရင်း သူမရဲ့Healing skillနဲ့ ရရှိလာတဲ့ ဒဏ်ရာမှန်သမျှကို ကုသပေးနေလေတယ်။

[လက်ရှိ] မိုးလေးတစ်ဖွဲဖွဲ
(Female Player):
"နင်တို့တွေက ငါတို့ရဲ့လက်နက် ပစ္စည်းတွေက အဆင့်နိမ့်တယ်
ဆိုပြီး အနိုင်ကျင့်ချင်တိုင်း
ကျင့်နေကြတာပေါ့လေ?"

ထန်းရှောင် တွေးလိုက်တယ်။ သူမတို့ဘက်က စမှားခဲ့လို့လား?
သူမတို့မှာ အဆင့်မြင်တဲ့ လက်နက်
ပစ္စည်းတွေ ပိုင်ဆိုင်ထားတော့ အခုလုပ်သမျှ အရာအားလုံးက
သူတို့ကို မတရားသဖြင့် အနိုင်ကျင့်
တယ် ဖြစ်သွားတယ်ပေါ့?

အင်အားကြီးတဲ့သူက အားနည်းတဲ့
သူကို အမြဲအနိုင်ရမှာပဲ ဆိုတာကို ဒီတိုက်ပွဲကို လက်ကမြင်းပြီး မစခင်ကတည်းက သူတို့တွေ ကြိုမတွေးထားခဲ့ဘူးဆိုတော့ သူတို့အကုန်လုံးက သောက်ပိန်း
​တွေလား?!!

[လက်ရှိ] ထန်းရှီ: "မှန်တယ်, ငါတို့ မင်းတို့ကို အနိုင်ကျင့်နေတာ"

[လက်ရှိ] မိုးလေးတစ်ဖွဲဖွဲ: "နင်..နင်တို့တွေက အရှက်မရှိကြလိုက်တာ!"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားOnde histórias criam vida. Descubra agora