Chapter 34

447 86 2
                                    

"ကောလဟာလတွေပြောကြတာ
စုမူကျိ ဦးထုပ်စိမ်း ဆောင်းခံလိုက်ရ
တယ်တဲ့"

အရင်တုန်းက ထန်းရှောင် မကြာခဏ တွေးခဲ့ဖူးတယ်။ စုမူကျိရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ဆို သူမ ဦးထုပ်စိမ်း ဆောင်းခံရနိုင်တယ်လို့။ ဒါပေမဲ့ အခုတော့ အဲဒါက ဆန့်ကျင်ဘက် ဖြစ်သွားတယ်။

သူမ အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ LanRe Serverတစ်ခုလုံးမှာ စုမူကျိ ဦးထုပ်စိမ်း ဆောင်းခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကို သိနေကြပြီ!

သူ့ခေါင်းကလည်း အစိမ်းခေါင်း ဖြစ်နေပြီတဲ့။

အဓိက လက်သည်တရားခံကတော့ ထန်းရှီပဲ။

ထန်းရှောင် လိုင်းပေါ် ရောက်သွားတဲ့အချိန်မှာ ဂိုဏ်းတစ်ခုလုံးမှာ ပွက်လောရိုက်နေကြတယ်။

[Guild] မိန်းမလှ ငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးရဲ့ မင်္ဂလာဆောင်တုန်းက မင်း ယောက်ျားတစ်ယောက်နဲ့ အိပ်ခဲ့သေးလား?"

[Guild] ထန်းရှီ: "....ဘာ?"

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "ဖာခ့်***, ထန်းရှီလေး, မင်း တကယ်ပဲလား။ အခုလူတိုင်းက မင်း ဘယ်သူနဲ့ အိပ်ခဲ့လဲဆိုတာကို ခန့်မှန်းနေကြတယ်"

[Guild] ထန်းရှီ: "နေပါအုံး, နေပါအုံး။ မင်းတို့တွေ ဘာအကြောင်း ပြောနေကြတာလဲ?"

[Guild] မိန်းမလှ ငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "Tiebaကို တစ်ချက် သွားကြည့်ကြည့်လိုက်, မင်းအကြောင်း ထိပ်ဆုံးကနေ နံမည်ကြီးနေတယ်"

Spirit Road ရဲ့ Tieba platform ဆိုတာ gameနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေ updatesတွေ အကြောင်းကို အစဉ်မပြတ်ဝေမျှပေးနေတဲ့ မှော်ဆန်တဲ့ နေရာတစ်ခုဖြစ်တယ်။

အဲ့ထဲမှာမှ နံမည်အကြီးဆုံး သတင်းခေါင်းစဉ်တွေကတော့ သံသယဝင်စရာ မလိုအောင်ကို နေရာအနှံ့က အတင်းအဖျင်းတွေအကြောင်း ဖြစ်တယ်။

သူတို့တွေက ဘယ်ဂိုဏ်းက ထူးဆန်းတဲ့အမျိုးသမီးက ဘာလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို အတင်းတုပ်ကြတယ်။ ဒါမှမဟုတ် ဘယ်Serverကတော့ ဘယ်လို ကံဆိုးမိုးမှောင်ကျပြီ ဆိုတာမျိုးကို အတင်းပြောကြတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now