Chapter 48

397 82 1
                                    

"အမုန်းလွန်သွားတဲ့ Antiဖန်က အလိုအလျောက် အမာခံပရိသတ်ဖြစ်လာခြင်း"


ရှောင်လင်နဲ့ တခြားသူတွေက လက်ရှိအခြေအနေကို လေ့လာဆန်းစစ်ပြီးနောက်မှာ အလွန်ထိရောက်မဲ့ planတစ်ခုကို တွေးမိသွားကြတယ်။

Anti_fanပဲဖြစ်ဖြစ် ရိုးရိုးဖန်ပဲဖြစ်ဖြစ် ထန်းရှောင်သာ လိုင်းပေါ်တက်ပြီး ဂိမ်းလာဆော့နေတာကိုသာ သိသွားကြရင် Spirit Roadရဲ့ Serverတွေအကုန်လုံး ပြာကျမဲ့ဘဝကို နောက်ထပ်ပြန်ရောက်သွားနိုင်တယ်။

ဒါပေမဲ့ အခုအချိန်မှာ Ranzhi ဒါမှမဟုတ် MengHu က ဘယ်သူမဆို သူမနဲ့ ပူးပူးကပ်ကပ်သာ ရှိနေရင် သိပ်မကြာခင်မှာပဲ ပေါ်သွားမှာသေချာတယ်။

ဒါကြောင့် ထန်းရှောင်ကို ကာကွယ်ပေးနိုင်ဖို့ရာ, ရှောင်လင် အစီအစဉ်တစ်ခုကို သေချာစဉ်းစားကြည့်လိုက်တယ်။

"ငါတို့ ဒီအကြောင်းကို ဆွေးနွေးပြီး ဆုံးဖြတ်ပြီးသွားပြီ, နင့်ကို မြင်တဲ့အချိန်တိုင်း, ငါတို့ နင့်ကို သတ်လိုက်မယ်။ ဒီနည်းနဲ့ဆို သူတို့တွေ သေချာပေါက် နင်က ထန်းရှောင်ဆိုတာ သိကြမှာမဟုတ်ဘူး"
ရှောင်လင်က စိတ်လှုပ်ရှားစွာပြောလိုက်တယ်။

(T/N: ထန်းရှောင်က အခု အရှင်မင်းကြီးက ငါ့ကိုဆင့်ခေါ်လိုက်တယ်ဆိုတဲ့ accountခွဲနဲ့ ဆော့နေတာပါ။ သူမတို့ဂိုဏ်းနဲ့ စုမူကျိတို့ဂိုဏ်းက လူတွေကလွဲပြီး တခြားဂိုဏ်းတွေနဲ့ တခြားServerကလူတွေက ဒီaccountခွဲက ထန်းရှောင်ဆိုတာ မသိကြပါဘူး)

ထန်းရှောင် တိတ်ဆိတ်သွားတယ်။
"ပုံမှန်တောင်, နင်တို့တွေ ငါ့ကို အကြောင်းပြချက်မရှိ လိုက်သတ်နေကြတာပဲမလား"

ရှောင်လင် အနည်းငယ်တွေးကြည့်လိုက်ပြီး ထန်းရှောင်ရဲ့စကား မှန်ကန်ကြောင်း သတိပြုမိသွားတယ်။

ထို့နောက်မှာ ရှောင်လင်က အကြံထပ်ပြုလာတယ်။
"နင်..နင်ကိုယ်တိုင်ရဲ့ Anti ဖန်အဖြစ်နဲ့ သရုပ်ဆောင်ကြည့်လိုက်ပါလား။ ပြီးတာနဲ့ world chatထဲမှာ နင့်ကိုယ်နင်ပြန်ဆဲနေရင်ရော, ဘယ်လိုလဲ?"

ထန်းရှောင်:......

ရှောင်လင်ရဲ့ရွှေဉာဏ်တော် စူးရောက်လွန်းတဲ့ အကြံဉာဏ်ကို ထန်းရှောင် ဘယ်လောက်ပဲ ဆန်ကျင်ပေမဲ့ နောက်ဆုံးတော့ ထိုအတိုင်းလုပ်ဖို့ရာ ဆုံးဖြတ်လိုက်ကြတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now