Chapter 26

476 96 3
                                    

"လက်ထောက်ကို အနိုင်ကျင့်တဲ့
​နေရာမှာ ပြိုင်​ဘက်​ကင်း
ဆရာမကြီး"

ဒီတော့ အလုပ်ကို ဆင်ခြေပြပြီး လက်တွေ့ဘဝက တွေ့ဆုံပွဲ ဆိုတဲ့ သောက်ကျိုးနည်းကြီးကို သူမ ရှောင်လွှဲလို့ မရနိုင်ဘူးပေါ့။

ထန်းရှောင် တွေးရင်း ဒီပျက်ရှင်
​တွေ အတောင့်လိုက်ဝင်လာ
တယ်။

လူတစ်ယောက်က စိတ်ရှုပ်စရာ
​တွေနဲ့ ကြုံတွေ့လာရင် သူတို့ရဲ့
စိတ်တွေကို ဖြေလျော့ပြီး အနားပေးချင်လာကြတယ်။

ထို့ကြောင့် သူမလည်း Spirit
Road Gameကို ဖွင့်လိုက်ကာ Passwordဆိုတဲ့ နေရာမှာ
ဖြေးဖြေး သက်သာနဲ့ တဒေါက်
​ဒေါက် ရိုက်နှိပ်လိုက်ပြီး Sign in လုပ်လိုက်တယ်။

သူမ ဂိမ်းထဲကို ဝင်လိုက်တာက အပန်းဖြေဖို့ပဲ။ ပြီးတာ နဲ့ လမ်းမှာတွေ့တဲ့ တစ်ယောက်စ နှစ်ယောက်စကို နည်းနည်း ပါးပါး မီးလေးဘာလေး​ ​မွှေး​ပေးရတာ
​ပေါ့။

ဟုတ်တယ်, ဒါပဲ။

သူမ SRထဲ ကို မဝင်တာ တစ်ရက်လောက် ရှိပြီဖြစ်ကာ ဘောင်းဘီပေါ်က အမွှေးတစ်
မျှင်လေး ကလည်း လိုင်းပေါ်မှာ
မရှိပေ။ ကြည့်ရတာ သူ့ရဲ့မင်္ဂလာ
​ဆောင် အတွက် အလုပ်ရှုပ်နေတာ နေမှာ။

မြေအိုးထဲက ရွှေတုံးလေးနဲ့
နတ်ပြည်က ဘိုးအေကြီးတို့ နှစ်ယောက်သားကတော့ သူတို့
အလုပ်က အထက်လူကြီးတွေ အကြောင်း နဲ့ အထက်လူကြီး ရဲ့အထက်လူကြီး တွေ အကြောင်း အတင်းတုပ်နေကြတယ်။

[Guild] မြေအိုးထဲက​ရွှေတုံးလေး: “ခြေသလုံးမွှေးကောင်က မကြာခင်
ဒီကို ရောက်လာတော့မှာ။ ငါ့ ကို ကူညီပြီး သူ့ဆီ ပြောလိုက်ပါအုံး။ သူ့ရဲ့မင်္ဂလာဆောင် ကို ငါ မလာ
နိုင်တော့ဘူးလို့”

[Guild] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: “ဖာခ့်***, ဘာလို့လဲ ငါမှာဖြင့် အများကြီး မျှော်လင့်နေတာကို”

[Guild] မြေအိုးထဲက​ရွှေတုံးလေး: “ငါ့သူဌေးက တောဆင်းမလို့တဲ့, ဒါကြောင့် မို့လို့ ငါလည်း သူနဲ့အတူ လိုက်သွားရမှာ”

[Guild] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး:
“ဟမ်? ရွှေတုံးလေး, မင်းအလုပ်က ဘာမို့လို့လဲ? တောတွေ ဘာတွေ ဆင်းရတယ် ဆိုတော့?”

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now