Chapter 56.1

294 66 2
                                    

"အို့, လူမှားပြီး ရိုက်လိုက်မိတယ် "

အဖွဲ့မှူးနင်နဲ့ ရှောင်လင်တို့ရဲ့စေ့စပ်ကြောင်းလမ်းမဲ့နေ့ရက်က မဆုံးဖြတ်ရသေးပေမဲ့ ရွှေသစ်ခွပန်းဆုပေးပွဲကတော့ ကျင်းပတော့မှာဖြစ်တယ်။

ချောင်ရိကျင်ရဲ့ရုပ်ရှင်က ရွှေသစ်ခွပန်းဆုပေးပွဲကြီးရဲ့ နောက်ဆုံးသတ်မှတ်ရက်နဲ့အမှီ ပြီးစီးရုံတင်ထားတာကြောင့် ဆုပေးပွဲမှာ ပါဝင်ဖို့လျာထားခံရကာ မူချောင်နဲ့ စုပိုင်တို့မှာ ခေါင်းကြီးသတင်းပိုင်းတွေမှာ အလွန်ရေပန်းစားနံမည်ကြီးနေလေတယ်။

သူတို့နှစ်ဦးပါဝင်တက်ရောက်မယ်ဆိုတဲ့  ကြေညာချက်က အမှန်တကယ်တော့ ရုပ်ရှင်ကို ပိုပြီးပေါက်မြောက်သွားစေတော့တယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ဆုပေးပွဲကြီးနီးလာတာနဲ့ သူတို့နှစ်ဦးအတူတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေအကုန်လုံးကို ပြန်ပြောင်းဆွေးနွေးကြပြီး ခန့်မှန်းကြတယ်။

လူတိုင်းက သူတို့နှစ်ဦးရဲ့ဆက်ဆံရေးအကြောင်းကို အဆက်မပြတ်ပြောဆိုခန့်မှန်းခဲ့ကြတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ထန်းရှောင်က ထပ်တိုးပါဝင်လာတယ်။

ပိုပြီးထူးခြားသွားတာက သူတို့သုံးယောက်ပါဝင်ထားတဲ့ ရုပ်ရှင်ကားထဲမှာလည်း သုံးပွင့်ဆိုင်အဖြစ် သရုပ်ဆောင်ထားကြတာဖြစ်တယ်။

မီဒီယာသတင်းဌာနတွေက ပိုပြီးတောင် စိတ်လှုပ်ရှားနေကြတယ်။

ဒါကပဲ ပိုပြီး မီးလောင်ရာလေပင့်လုပ်လိုက်သလိုမျိုး ဖြစ်သွားစေကာ ဆက်တိုက်ဆိုသလို သတင်းဆောင်းပါးတွေက ထွက်လာကြတယ်။

မူချောင်ကတော့ သူ့ကို အကြိမ်တစ်ရာလောက် မေးထားကြတဲ့ မေးခွန်းကို ဖြေထားပြီးပြီပင်။
"စုပိုင်ရဲ့character ရဲစုံထောက်မိန်းကလေးနဲ့ ထန်းရှောင်ရဲ့character မာဖီးယားခေါင်းဆောင်ရဲ့သမီးဆိုရင် မင်းတို့ရော ဘယ်တစ်ယောက်ကို ရွေးချယ်ကြမှာလဲ?"

ဒါပေမဲ့ မီဒီယာတွေကတော့ အတင်းအဖျင်းတွေပြောကြဖို့ မငြီးငွေ့ကြသေးပေ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားحيث تعيش القصص. اكتشف الآن