Chapter 6

711 133 10
                                    

"အချစ်ပြိုင်ဘက်များတွေ့ဆုံကြ
သောအခါဝယ်​:အကျဉ်းထောင်
အတွင်းချိန်းတွေ့ခြင်း"

ဒီရက်တွေအတွင်း အငြိမ်းချမ်းဆုံး နဲ့ အပျော်ရွှင်ဆုံးလူသားတွေကို ပြပါလို့
ဆိုရင် LanRe Serverက
မိန်းကလေးတွေပဲ ဖြစ်လိမ့်မယ်။

အဓိက အကြောင်းအရင်းကတော့ ဆာဗာရဲ့အဖျက်ကောင် စုန်းပြူးက သူ့ရဲ့ရွှေခြူနှစ်လုံးကို ကိုယ်​တိုင်​ ဖြုတ်ပစ်လိုက်လို့ပါ။

သူက ခြူနှစ်လုံးကို စွန့်ပစ်လိုက်
ပြီးတော့ စုမူကျိ နဲ့ လက်ထပ်
လိုက်တယ်။
ဒါပေမဲ့လည်း စုမူကျိနဲ့လက်ထပ်
လိုက်ပြီးမှ သူ့ခမျာ Clanနှစ်ခုရဲ့ ရိုက်နှက်မှုတွေ ကို ပိုပြီးတောင် ခံစားလာရလေတယ်။

ဒါကြောင့်လည်း အခုတလောအတွင်း
မိန်းကလေးတွေအကုန်လုံး လွတ်လပ်ရေးရကုန်ကြပြီး သူတို့အနေ နဲ့ တစ်ယောက် သောသူရဲ့လိုက်ပြီး ဖွန်ကြောင်မှုတွေ၊
အမှိုက်နဲ့ တူတဲ့ အီစီကလီတွေကို နားဒုက္ခခံ စိတ်ဒုက္ခခံစရာမလိုတော့ဘူး။

ဒါပေမဲ့လည်း အဓိကအကြောင်းရင်းက​တော့ သက်သက်ရှိနေခဲ့တယ်။
အခုရက်တွေမှာ ထန်းရှောင်
ငြိမ်နေရတာက သူမအရမ်းကို
အလုပ်​ရှုပ်​​နေခဲ့လို့ပါ။
လူ့အမှိုက်တွေကိုလိုက်ပြီး
​ဖြေရှင်းနေရလို့လေ!!

ထန်းရှောင်သူမရဲ့ Screenပေါ်က
ဇွဲကြီးလွန်းတဲ့ မဟာဇာနက အလောင်းအလျာတွေကို မြင်နေရတဲ့ အခါမှာတော့
သူမရဲ့ပါးကို တစ်ယောက်ယောက်က
ပိတ်​ရိုက်​လိုက်သလိုမျိုး နာကျင်လာတော့တယ်။

စုမူကျိက ဒီဆာဗာတစ်ခုလုံးမှာ
အကျော်ကြားဆုံးနဲ့ ပေါ်ပြူလာ
အဖြစ်ဆုံး သူဆိုတာ သူမသိပါတယ်။
သူမတို့မင်္ဂလာပွဲတုန်းက လည်း အမျိုး
မျိုးသောLengendary Playerများစွာက
အုံလိုက်ကျင်းလိုက်နဲ့ တက်ရောက်လာ
ကြတယ်ဆိုတဲ့ အကြောင်းကိုလည်း
သူမ သိပြီးသားပါ။
ဒီလိုဖြစ်စဉ်မျိုး က မင်းတစ်သက်လုံး
ဂိမ်းဆော့ရင်တောင်မှ တွေ့ကြုံဖို့ဆိုတာ ဖြစ်နိုင်ချေနည်းလွန်းတဲ့ ဆာဗာရဲ့
အကျော်ကြားဆုံး မင်္ဂလာပွဲဖြစ်ခဲ့တယ်
ဆိုတာကိုလည်း သူမသိပါတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားUnde poveștirile trăiesc. Descoperă acum