Chapter 39

483 97 11
                                    

"ရှောင်လင် နင်တကယ် သတ္တိရှိတာပဲ "

အဖွဲ့မှူးနင်ရဲ့ကိုယ်ပိုင်ဆရာဝန်က သိပ်မကြာခင်မှာပဲ ရောက်လာကာ အဖွဲ့မှူးနင်ကို စစ်ဆေးကြည့်လိုက်ပြီး ဘာအမှားအယွင်းမှ မရှိကြောင်း ပြောလိုက်တယ်။

ထန်းရှောင် ထိုအခါမှ အသက်ဝဝရူထုတ်နိုင်တယ်။

ရှောင်လင်သာ တစ်ခုခုဆိုးရွားတာမျိုး ဖြစ်အောင်လုပ်ခဲ့လို့ကတော့ သူမတို့တွေ ပြဿနာတိုင်ပတ်ပြီပဲ။

အဖွဲ့မှူးနင် မနိုးလာသေးတာကို အခွင့်ကောင်းယူပြီး ရှောင်လင်ကို နှစ်သိမ့်ပေးဖို့ ထန်းရှောင် ရှောင်လင့်ဆီ ပြန်သွားလိုက်တယ်။

ဒါပေမဲ့ အဲ့ငတိမက ဘယ်အချိန်ကတည်းက ထွက်ပြေးသွားမှန်း မသိဘူး။

သူမက ထန်းရှောင်ရဲ့ကုတ်အကျီတွေထဲက တစ်ထည်ကိုတောင် မသွားလိုက်သေးတယ်။

မူချောင်ကလည်း ညမှာ ရိုက်ကူးရေးတစ်ခုရှိတာကြောင့် အစောကတည်းက ပြန်သွားလေပြီ။

ထန်းရှောင်တစ်ယောက်သာ ကျန်ခဲ့တော့တယ်။

သူမ ရှောင်လင်ကို ဖုန်းခေါ်လိုက်တော့ တစ်ဖက်က တော်တော်နဲ့မကိုင်ပေ။

"နင် ဘယ်လစ်ပြေးသွားတာလဲ?"
ထန်းရှောင် မေးလိုက်တယ်။

ဖုန်းထဲမှာ ရှောင်လင်က သက်ပြင်းချလိုက်ပြီး
"ငါ အိမ်ပြန်သွားတာ ။ အဖွဲ့မှူးနင် မနိုးသေးဘူးလား?"

ထန်းရှောင် ငြိမ်းချမ်းစွာနဲ့ အိပ်မောကျနေတဲ့ အဖွဲ့မှူးနင်ကို တစ်ချက်ကြည့်လိုက်တယ်။

သူအိပ်ပျော်နေရင် သူ့ရဲ့လျှာက ခါတိုင်းလို အဆိပ်မပြင်းတော့ဘဲ, သူ့ပုံစံက နူးညံ့ကြင်နာတဲ့ပုံမျိုးတောင် ပေါက်တယ်။

"မနိုးသေးဘူး။ နင်တို့နှစ်ယောက်ကြား ဘာတွေဖြစ်သွားတာလဲ?"

ရှောင်လင်က မေးခွန်းကို ရှောင်လိုက်တယ်။
"ဘာမှ အဲ့လောက်ကြီး မဖြစ်သွားပါဘူး။ ဒီအတိုင်း အရက်မူးပြီး မတော်တဆဖြစ်သွားရုံပါ"

ထန်းရှောင် မနေနိုင်တော့ဘဲ ဖုန်းတစ်ဖက်ကနေ အော်ထည့်လိုက်တယ်။
"နင့်​မေ$%#*@ အရက်မူးပြီး မတော်တဆဖြစ်သွားတာ? နင်လုပ်လိုက်တာ လူသတ်မှု မြောက်တော့မလို့။ လင်ဝမ် နင့်ငါ့ကို မြန်မြန် ရှင်းပြစမ်းပါ။ မဟုတ်ရင် အဖွဲ့မှူးနင် နိုးလာတဲ့အခါကျ ငါနင့်ကို ဘယ်လိုကူညီရမလဲဆိုတာ တကယ်မသိဘူး"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now