Chapter 49

331 56 6
                                    

"အမုန်းလွန်သွားတဲ့ Antiဖန်က အလိုအလျောက် အမာခံပရိသတ်ဖြစ်လာခြင်း၂"

ထိုညမှာ ထန်းရှောင်တို့နဲ့အတူ အသားကင်ချောင်း လိုက်စားကြတဲ့လူတွေထဲမှာ ချောင်ရိကျင်, ရှောင်လင်နဲ့ ရှကျိယန်တို့ပါ ပါလာကြတယ်။

ညဘက်ကြီးမှာ နေကာမျက်မှန်တွေ တပ်ထားတာမျိုးက မသင့်လျော်ကာ maskတပ်တာမျိုးကျလည်း အစားစားနေတုန်း အဆင်ပြေမှာမဟုတ်ပေ။

ထို့ကြောင့် မူချောင်နဲ့ ထန်းရှောင်တို့က မျက်နှာပုံစံဖုံးရုံလောက်သာ ဦးထုပ်တွေဆောင်းထားကြတယ်။

Hမြို့တော်က လမ်းတစ်လမ်းမှာတော့ အစားအသောက်ပေါင်းစုံနဲ့ ပြည့်နေကာ ထိုညမှာ အစားအသောက်ပွဲတော်လည်း ရှိနေတာကြောင့် လူငါးယောက်မှာ အကင်တန်းရှိတဲ့ဆီ အလျင်အမြန်သွားလိုက်ကြတယ်။

သူတို့က ဝိုင်းတစ်ဝိုင်းကို အမြန်မှာလိုက်ပြီး အသားကင်ချောင်းတွေကို စောင့်ရင်း အဆာပြေအဖြစ် အာလူးကြော်တွေကို ထိုင်စားနေလိုက်ကြတယ်။

ဒီညမှာ အစားအသောက်ပွဲတော်အကြောင်းကို သတင်းဌာနတစ်ခုက liveလွှင့်ပြီး ပြသနေကာ သတင်းထောက်တစ်ဦးကလည်း ဆိုင်ခန်းတွေထဲဝင်ပြီး လူတွေကို မေးမြန်းတင်ဆက်နေလေတယ်။

ရလဒ်အနေနဲ့ ထိုသတင်းထောက်ကို ရိုက်ပြနေတဲ့ နောက်ခံမြင်ကွင်းထဲမှာ မူချောင်နဲ့ ထန်းရှောင်တို့က မထင်မရှားနဲ့ ပါလာတယ်။

ကင်မရာက သူတို့ရှိရာဆီ ချိန်ပြနေကာ, ထိုအချိန်မှာ မူချောင်က ထန်းရှောင်ရဲ့ပါးကို ဖွဖွလေးလှမ်းဆွဲလိုက်တယ်။

အရေးကြီးဆုံးကတော့ သတင်းထောက်က ထိုအုပ်စုထဲကလူတွေက ဘယ်သူတွေလဲဆိုတာ လုံးဝသတိမပြုမိကာ သူက ထန်းရှောင်ကိုတောင် အလွန်စိတ်လှုပ်ရှားစွာနဲ့ မေးမြန်းလိုက်တယ်။
"ဟုတ်ကဲ့, စိတ်မရှိနဲ့ဗျ, ဒီညရဲ့ အစားအသောက်ပွဲတော်ကို ဒီကညီမ ဘယ်လိုထင်လဲ?"

ထန်းရှောင်မှာ ရုတ်တရုတ်ကြီးအမေးခံလိုက်ရတာကြောင့် အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွားကာ အူတူတူနဲ့ ပြန်ဖြေလိုက်တယ်။
"အဆင်ပြေပါတယ်"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now