Chapter 57

925 94 10
                                    

"အို့, လူမှားပြီး ရိုက်လိုက်မိတယ် "

ထန်းရှောင် သန့်စင်ခန်းသွားတာ အချိန်အတော်ကြာပြီဖြစ်ကာ ပြန်ရောက်မလာသေးပေ။

ရှောင်လင် သူမ(ထန်းရှောင်)ကို သွားရှာလိုက်ပေမဲ့ သူမတွေ့လိုက်ရတာ သန့်စင်ခန်းရဲ့ဘေစင်ပေါ်က Spirit Roadသော့ချိတ်လေးကိုသာ။

အမျိုးသားသန့်စင်ခန်းထဲအထိပါ သူမလိုက်ရှာလိုက်ပေမဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ပေ။

"အမလေး! မဖြစ်နိုင်ဘူး! ဒီမှာ အနောက်ဘက်တံခါးမှာ တစ်ယောက်ယောက် မေ့လဲနေလို့!!!"

လူသိပ်မရှိတဲ့လျှောက်လမ်းတစ်နေရာကနေ ရုတ်တရတ်ထအော်လိုက်တဲ့ အသံကြောင့် ရှောင်လင် တုန်လှုပ်ခြောက်ခြားသွားတယ်။

သူမအသိဝင်လာကာ ထိတ်လန့်သွားပြီး အနောက်ဘက်တံခါးဆီ ပြေးသွားလိုက်တယ်။

ထိုနေရာမှာတော့ ထန်းရှောင်က နဖူးပေါ်မှာ ထင်ရှားတဲ့ရိုက်နှက်ရာတစ်ခုနဲ့ မြေကြီးပေါ်လဲကျနေတာကို တွေ့လိုက်ရတယ်။

မူချောင့်ရဲ့ဖုန်းနံပါတ်ဆီ ရှောင်လင်ဆက်သွယ်လိုက်တဲ့အချိန်မှာ သူမရဲ့လက်တွေက တုန်ယင်လို့ပင်။

"ထန်းရှောင်သေပြီ"

"....."

"မဟုတ်ဘူး, မဟုတ်ဘူး။ ကျွန်မပြောချင်တာ ထန်းရှောင် အနောက်ဘက်တံခါးနားမှာ လဲကျနေတာ။ တကယ့်အပြင်ဘက်ဘဝမှာ လဲနေတာကို ပြောတာ။ ကြည့်ရတာ သူမသတိလစ်နေတဲ့ပုံပဲ"

မူချောင် အမြန်ပဲရောက်လာတယ်။ သူ့ရဲ့နဖူးထိပ်မှာက ချွေးစက်အနည်းငယ်နဲ့ စိုစွတ်လို့နေတယ်။

"ကျွန်တော် သူမကို အရင်ဆုံးဆေးရုံပို့လိုက်မယ်"

သူ့လက်တွေရော ခြေထောက်တွေရော ထိတ်လန့်မှုနဲ့ တုန်ယင်နေကာ သူမကို ဆေးရုံဆီ အမြန်ခေါ်သွားလိုက်တယ်။

ဆေးရုံကို ရောက်တဲ့အချိန်မှာ ရှောင်လင် အဖွဲ့မှူးနင်ဆီ အလန့်တကြားနဲ့ ဖုန်းခေါ်လိုက်တယ်။
"အဖွဲ့မှူးနင်, ထန်းရှောင်ကို တစ်ယောက်ယောက်က ချောင်းရိုက်သွားတယ်"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားحيث تعيش القصص. اكتشف الآن