Chapter 32

516 100 4
                                    

"ထန်းရှီအရူးကောင်, ငါ နင့်ကို သဘောကျတယ် ၁"

ဒါရိုက်တာချောင်က တကယ့်ကို စိတ်သဘောထား သေးသိမ်တဲ့ လူတစ်ယောက် ဖြစ်တယ်။

ထန်းရှောင် နောက်ဆုံးတော့ ထိုအတွေ့အကြုံကို ခံစားလိုက်ရပြီလေ။

ယောက်ျားကြီး တစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလောက်တောင် သေးသိမ်နိုင်ရတာလဲ, ဒါက တကယ့်ကို….

ဒီလိုလူမျိုးက တကယ့်ကို လက်ညှိုးထိုးပြီး
အငေါက်ခံရထိုက်တယ်!

အရမ်းကို မျက်နှာပြောင်တိုက်တာပဲ!

ထန်းရှောင် ဇာတ်ညွှန်းအသစ်ကို ရလာတဲ့အချိန်မှာ ချောင်ရိကျင်ရဲ့ မကောင်းဆိုးဝါး ရည်ရွယ်ချက်တွေကို လက်ခံရရှိလိုက်ရသလိုမျိုး ရုတ်တရတ်ကြီး ခံစားလိုက်ရတယ်။

မူလက ဒုတိယအမျိုးသမီးဇာတ်ကောင်မှာ ရိုက်ကူးရေး အခန်းပေါင်း သုံးရာကျော်နဲ့ သူမ ပြောရမဲ့ စာသားတွေကလည်း စကားလုံးတစ်ထောင်ကျော်တယ်။
ဒါပေမဲ့ အခုလက်ရှိမှာတော့ ဒုတိယအမျိုးသမီးဇာတ်ကောင်မှာ အခန်းပေါင်း သုံးရာကျော် ပါဝင်ပြီး ပြောရမဲ့စာသားက တစ်ကြောင်းမှ မရှိတော့ပေ။

မူလက ဒုတိယအမျိုးသမီးဇာတ်ကောင်ရဲ့ လှုပ်ရှားမှုတိုင်းမှာ ဖော်ပြချင်တဲ့ စကားလုံးပေါင်းများစွာ ရှိခဲ့ပေမဲ့, လက်ရှိမှာတော့ စကားလုံးလေးလုံးတည်းနဲ့သာ
ဖော်ပြနိုင်တော့တယ်။

….ဝှီးချဲ​ပေါ်မှာ ထိုင်ရမယ်…

ချောင်ရိကျင်က သွေးအေးစွာနဲ့ ဒုတိယအမျိုးသမီးဇာတ်ကောင်ရဲ့ ဇာတ်ဝင်ခန်းအချို့ကို ပြောင်းလဲ ဖြတ်ချပစ်လိုက်ပြီး သူမကို ဆွံ့အသွားအောင် လုပ်လိုက်တယ်။

ဆွံ့အသွားတယ်!

ဒီနေရာမှာ ဆွံ့အသွားတယ် ဆိုတာ စကားမပြောနိုင်တာကို ပြောတာ။
ပြောချင်တာ  ဒီဇာတ်လမ်းမှာ တကယ်ကြီးကို ဒုတိယအမျိုးသမီးဇာတ်ကောင်က စကားမပြောနိုင်ဘူး။ နားလည်အောင် ပြောရရင် ဆွံ့အနေတယ်ပေါ့!

ပြီးတော့လည်း အကြောသေနေတယ်။
ကိုယ်တစ်ပိုင်း အကြောသေနေတယ် ဆိုကတည်းက လမ်းကလည်း မလျှောက်နိုင်ဘူး။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWo Geschichten leben. Entdecke jetzt