Chapter 33

452 84 5
                                    

"ထန်းရှီအရူးကောင်, ငါနင့်ကို သဘောကျတယ်၂"

ထန်းရှောင် ရှောခ့်အကြီးအကျယ် ရသွားတာကြောင့် သူမရဲ့မေးရိုး ပြုတ်ကျသွားရုံတင်မကပေ ကျန်တဲ့LanRe Serverက လူအုပ်ကြီးလည်း မေးရိုးတွေ အကုန်ပြုတ်ကျကုန်ကြတယ်!

အခုလက်ရှိကို မပြောလိုက်နဲ့အုံး, ဘယ်အချိန်မှာပဲဖြစ်ဖြစ် ထန်းရှီရဲ့gender နဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြတိုင်း အမြဲလိုလို အချေအတင်တွေ ဖြစ်ကုန်ကြတယ်။

တချို့က ပြောတယ်: ဒီလောက် ဆတ်စလူးခါပြီး ဂျိုမွှေတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ Enchantressက သူ့လုပ်ပုံကိုင်ပုံကို ကြည့်ရုံနဲ့တင် မိန်းကလေး ဖြစ်နိုင်စရာ အကြောင်းမှ မရှိတာ။ သေချာပေါက်ကို မော်နီတာရှေ့မှာ ခြေထောက်နဲ့ နှာခေါင်းနှိုက်နေတဲ့ အမှိုက်ထုတ်တစ်ကောင်ပဲ ဖြစ်ရမယ်။

သူ့ပုံစံနဲ့တင် မပြောသေးနဲ့အုံး, ဘယ်မိန်းကလေးကများ တွေ့သမျှ ကောင်မလေးတိုင်း အလွတ်မပေးဘဲ ပရောပရည်လုပ်ဖို့ အင်တိုက်အားတိုက်နဲ့ အချိန်ကုန်လေကုန်ခံတာမျိုး ရှိလို့လဲ, သေချာပေါက်ကို သူက အိမ်တွင်းအောင်း အိုတာကုတစ်ယောက်ပဲ။

(T/N: Otaku ဆိုတာ ဂျပန်မှာ Animeကားတွေ အရမ်းကြည့်ပြီး 2D Worldထဲမှာပဲ ပျော်မွေ့နေတဲ့သူတွေကို ခေါ်တာပါ)

သူယူထားတဲ့ မိန်းမဆိုရင်လည်း စုမူကျိက တကယ့်ကိုကျော်ကြားတဲ့ အလှပဂေးလေး တစ်ယောက်လေ!

ထန်းရှီက ပါးစပ်ကနေ အမြုပ်တစီစီထွက်တဲ့အထိ နေ့ကနေည "ဇနီးလေး"ချင်း ထပ်နေခဲ့တာတောင် စုမူကျိက အဲလိုမျိုး အခေါ်ခံရတာကို ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ဖူးဘူး။

ဒီတော့ ထန်းရှီက သေချာပေါက်ကို ရုပ်ရည်အရ သိပ်ပြီးမဆိုးတဲ့ အိမ်မှာ ခြေထောက်နဲ့ နှာခေါင်းနှိုက်နေတဲ့ ဆန်ကုန်မြေ အမှိုက်ထုပ်အိုတာကုကောင်ပဲ ဖြစ်ရမယ်။

ဒါပေါ့, ဒီခန့်မှန်းချက်ထဲမှာ စုမူကျိမျက်လုံးကန်းနေတာတော့ သေချာပေါက်မပါဘူး။

တစ်ချို့ကလည်း ဒီခန့်မှန်းခြေကို သဘောမတူကြပြန်ဘူး။ သူတို့က ပြောတယ်။ ထန်းရှီက မိန်းကလေးဆိုတာ ကျိန်းသေတယ်။ ဘာလို့ဆို သူမကိုယ်တိုင်က အရင်က ပြောခဲ့ဖူးတယ်လေ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now